အမေရိကန်တရားရုံးချုပ်က ထရမ့်အမိန့်ကိုပိတ်ပင်သည့် တရားသူကြီးများ၏အာဏာကို ကန့်သတ်

ဝါရှင်တန်၊ ဇွန် ၂၇

အမေရိကန်တရားရုံးချုပ်သည် နိုင်ငံတစ်ဝန်း သမ္မတထရမ့်၏အမိန့်ကို တားမြစ်သည့် တရားသူကြီးများ၏လုပ်ပိုင်ခွင့်များကို ကန့်သတ်သည့် စီရင်ချက် ၆-၃ ကို ယနေ့ထုတ်ပြန်သည်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ၏ ကလေးများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို အဆုံးသတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ယနေ့စီရင်ချက်သည် အဆိုပါမွေးရာပါနိုင်ငံသားဖြစ်ခွင့် ဆိုင်းငံ့သည့်အမိန့်ကို ရက်ပေါင်း ၃၀ အတွင်း တစ်စိတ်တစ်ပိုင်း အသက်ဝင်စေမည်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် မွေးဖွားသူတိုင်းနီးပါးသည် အလိုအလျောက်နိုင်ငံသားဖြစ်ခွင့်ရှိသည်။ တရားရုံးများသည် ထရမ်၏အမိန့်ကို ဆိုင်းငံ့ထားပြီးနောက် အောက်ခြေတရားသူကြီးများသည် သမ္မတ၏လုပ်ဆောင်ချက်များကို ပိတ်ဆို့ပိုင်ခွင့်မရှိဟု ငြင်းဆိုကာ ၎င်း၏အုပ်ချုပ်ရေးအဖွဲ့သည် တရားရုံးချုပ်သို့ အယူခံဝင်ခဲ့ခြင်းဖြစ်သည်။

တရားရုံးချုပ်တွင် ရှေးရိုးစွဲလူများစုရှိပြီး တရားသူကြီးကိုးဦးအနက် သုံးဦးကို ထရမ့်က ခန့်အပ်ခဲ့သည်။

Ref: BBC

#ယနေ့ခေတ်

အမေရိကန်တရားရုံးချုပ်က ထရမ့်အမိန့်ကိုပိတ်ပင်သည့် တရားသူကြီးများ၏အာဏာကို ကန့်သတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.