သဲကုန်းမြို့နယ်တွင် အငြိမ်းစား မီးသတ်ဝန်ထမ်းတစ်ဦး ရထားပေါ်မှပြုတ်ကျသေဆုံး

ရန်ကုန်၊ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် အငြိမ်းစား မီးသတ်ဝန်ထမ်းတစ်ဦး ရထားပေါ်မှပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက် ည ၈ နာရီခန့်က၊ သဲကုန်းမြို့နယ် သောင်းမဲကြီးကျေးရွာတွင် အသက် ၆၀ ကျော်ဝန်းကျင်ရှိ မီးသတ်တပ်ဖွဲ့မှ အငြိမ်းစားဝန်ထမ်းတစ်ဦး ပြည်မြို့မှ ရန်ကုန်သို့ထွက်သည့်ရထားပေါ်မှ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။

“မနေ့ည ၈ နာရီလောက်မှာဖြစ်တာ။ အိမ်သာသွားရင်နဲ့ဖြစ်လို့တော့ပြောတယ်။ ညဘက်လည်းဖြစ်၊ မိုးတွေကလည်းရွားနေတော့ မသိလိုက်ဘူး။ မိန်းမဖြစ်သူက ပြန်မလာ၊ ပြန်မလာနဲ့စောင့်နေတာ။ အသက်တွေကလည်းကြီးပြီ။ မီးသတ်က အငြိမ်းစားလို့တော့ပြောတယ်။ အသက်က ၆၇ လောက်တော့ရှိပြီ။ ရထားသွားရင်းနဲ့ပြုတ်ကျတာ။ ပြည်ကနေ ရန်ကုန်ကိုထွက်တဲ့ရတား။ ဒီမနက်မှပဲ သိရတာ။” ဟု ဒေသခံပရဟိတနာရေးကူမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရထားပေါ်မှ ပြုတ်ကျသေဆုံးသွားသည့် မီးသတ်တပ်ဖွဲ့မှ အငြိမ်းစားဝန်ထမ်းတစ်ဦး၏ ရုပ်အလောင်းကို ဒေသခံ ပရဟိတအသင်းမှ သဲကုန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်းပေးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ််ပုံ- ပရဟိတနာရေးကူညီမှုအသင်း သဲကုန်း

#ယနေ့ခေတ်

သဲကုန်းမြို့နယ်တွင် အငြိမ်းစား မီးသတ်ဝန်ထမ်းတစ်ဦး ရထားပေါ်မှပြုတ်ကျသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.