အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
ဇွန်လ ၂၂ ရက်၊ နံနက် ၃ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်းလမ်း မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံကြားတွင် ရတနာဖြိုး Express ယာဉ်က ရွှေမန္တလာ Express ယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းကြောင့် အမျိုးသားသုံးဦးသေဆုံးခဲ့ပြီး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၃ ရက်၊ နံနက် ၁၀ ကျော်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၈၂/၇ နှင့် ၁၈၃/၀) တွင် ရန်ကုန်မှ-နေပြည်တော်သို့သွားသည့် Hilux Surf အမျိုးအစားယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျကာ သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။