အမြန်လမ်းတွင် ယာဉ်တစ်စီး ရေမြောင်းထဲသို့ထိုးကျ ရှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တစ်စီး အရှိန်မထိန်ပဲ လမ်းဘေးရေ မြောင်းအတွင်းသို့ထိုးကျကာ သံဃာတော်အပါအဝင် ရှစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၃ ရက်၊ နံနက် ၁၀ ကျော်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၈၂/၇ နှင့် ၁၈၃/၀) တွင် ရန်ကုန်မှ-နေပြည်တော်သို့သွားသည့် Hilux Surf အမျိုးအစားယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျကာ သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရန်ကုန်ကနေ နေပြည်တော်ကိုသွားတဲ့လမ်းမှာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရေမြောင်းထဲကို ထိုးကျတာ။ ထိခိုက်ဒဏ်ရာရတာရှစ်ဦးပါ။ အမျိုးသားကသုံးဦး။ အမျိုးသမီးကငါးဦး။ အမျိုးသားသုံးဦးမှာ တစ်ဦးကဘုန်ကြီးပါ။ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးပါ။ ဒဏ်ရာတွေကတော့မစိုးရိမ်ရပါဘူး။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများကို အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးပြီး၊ နယ်မြေခံပရဟိတအသင်းက နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၈ ရက်၊ ညနေ ၄ နာရီကျော်ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၄/၅) ကျိုက်ကော်အကောင်းရှေ့တွင် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ခရီး သည်တင်ယာဉ် မန္တလာ Express နှင့် ရန်ကုန်ဘက်မှမောင်းနှင်လာသည့် Lite truck ယာဉ်တို့ မျက်နှာချင်းဆိုင်ဝင်တိုက်ခဲ့ခြင်းကြောင့် သံဃာကိုးပါးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့
ယနေ့ခေတ်

အမြန်လမ်းတွင် ယာဉ်တစ်စီး ရေမြောင်းထဲသို့ထိုးကျ ရှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.