ရန်ကုန်-မန္တလေးအမြန်းလမ်းတွင် ယာဉ်တိုက်မှုဖြစ် သုံးဦးသေဆုံး၊ လေဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်-မန္တလေးအမြန်းလမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး ဝင်တိုက်မိခြင်းကြောင့် သုံးဦးသေဆုံးခဲ့ပြီး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်၊ နံနက် ၃ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်းလမ်း မိုင်တိုင်အမှတ်  ၁၁၇/၇ ဖာလုံကြားတွင် ရတနာဖြိုး Express ယာဉ်က ရွှေမန္တလာ Express ယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းကြောင့် အမျိုးသားသုံးဦးသေဆုံးခဲ့ပြီး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဝင်တိုက်တာ အရှိန်ပြင်းလွန်းလို့ ကားမှန်းတွေဆို ကြေမွသွားတယ်။ ဘယ်လိုတိုက်လဲဆိုးတာ သေချာတော့မသိရဘူး။ ကားနှစ်စီးပေါ်က ကားမောင်းတဲ့သူ နှစ်ယောက်တော့ နေရာမှတင်ဆုံးသွားပုံပဲ။ နောက်တစ်ယောက်ကတော့ ကားနောက်လိုက်လို့ပြောတယ်။ ဒဏ်ရာရတာတော့ ကိုရင်လေးတစ်ပါးပါတယ်။ ဒဏ်ရာရတာတော့ စုစုပေါင်းလေးယောက်ပါ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူတို့ကို အမြန်လမ်းမီးသတ်နှင့် ကြက်ခြေနီအသင်း၊ မြို့မလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ  ၇ ရက်ကလည်း  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂၁/၇)တွင် ယာဉ်ခြောက်စီးဆင့်တိုက်မှုကြောင့် ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ အမြန်လမ်းတွင် ယာဉ်တိုက်မှု ၁၈ မှုရှိခဲ့ပြီး၊ သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရ ရှိသူ ၄၄ ဦးရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အမြန်းလမ်းတွင် မီးလောင်မှု သုံးကြိမ်ရှိခဲ့ကြောင့် သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-MFSD

ယနေ့ခေတ်

ရန်ကုန်-မန္တလေးအမြန်းလမ်းတွင် ယာဉ်တိုက်မှုဖြစ် သုံးဦးသေဆုံး၊ လေဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.