တီဟီရန်၊ ဇူလိုင် ၂
အီရန်သမ္မတ Masoud Pezeshkian သည် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် အီရန်၏ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားရန် အစိုးရအားတောင်းဆိုသည့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ကြောင်း Press TV နှင့် အခြားသော အီရန်သတင်းအေဂျင်စီများက ဖော်ပြသည်။
ပြီးခဲ့သည့်သီတင်းပတ်က အီရန်ပါလီမန်သည် IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကိုဆိုင်းငံ့ရန် ဥပဒေပြုခဲ့သည်။ အစ္စရေး၊ အမေရိကန်တို့နှင့် မကြာသေးမီက စစ်ရေးအရထိပ်တိုက်တွေ့မှုများ ဖြစ်ပွားပြီးနောက် တီဟီရန်နှင့် ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့တို့ကြား တင်းမာမှုများကြီးထွားလာပြီးနောက် အဆိုပါဥပဒေ ထွက်ပေါ်လာခြင်းဖြစ် သည်။
Ref: Al Jazeera
#ယနေ့ခေတ်
IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့သည့်ဥပဒေအား အီရန်သမ္မတအတည်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်