ငြိမ်းချမ်းရေးအဆိုပြုချက်ကို ၂၄ နာရီအတွင်း ဟားမတ်စ်ဆုံးဖြတ်ရမည်ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ ဇူလိုင် ၇

ဂါဇာတွင် အစ္စရေးနှင့် ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆိုပြုချက်ကို ၂၄ နာရီအတွင်း ဟားမတ်စ်က ဆုံးဖြတ်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၄ ရက်တွင် ပြောကြားသည်။

ထရမ့်၏ပထမသက်တမ်းအတွင်း အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံအချို့နှင့် ၎င်း၏အုပ်ချုပ်ရေးယန္တရားကြား ညှိနှိုင်းခဲ့သော အာရေဗျသဘောတူစာချုပ် တိုးချဲ့ခြင်းနှင့်ပတ်သက်၍ သမ္မတထရမ့်က ဆော်ဒီအာရေဗျသို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

ဟားမတ်စ်တို့နှင့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးအပြီးသတ်ရန် လိုအပ်သည့်အခြေအနေများကို အစ္စရေးကလက်ခံခဲ့ကြောင်း အင်္ဂါနေ့တွင် ထရမ့်ကပြောကြားခဲ့ပြီး၊ ယင်းကာလအတွင်း စစ်ပွဲကိုအဆုံးသတ်ရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

နောက်ဆုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူဘောင်ကို ဟားမတ်စ်က သဘောတူခဲ့သလားဟု သောကြာနေ့က မေးမြန်းရာတွင် “ဘာဖြစ်မလဲဆိုတာကို ကျနော်တို့စောင့်ကြည့်ရမှာဖြစ်ပြီး လာမယ့် ၂၄ နာရီအတွင်း သိနိုင်မှာပါ” ဟု ပြောကြားသည်။

အမေရိကန်ကျောထောက်နောက်ခံပြု အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်နှင့်ပတ်သက်ပြီး ဂါဇာတွင်စစ်ပွဲကိုအဆုံးသတ်စေမည့် အာမခံချက်များကို အစ္စရေးထံတောင်းခံထားကြောင်း ဟားမတ်စ်နှင့်နီးစပ်သူတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားသည်။

အဆိုပါအသေးစိတ်အချက်အလက်များကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း အစ္စရေးအရာရှိနှစ်ဦးက ပြောကြားသည်။ ကြာသပတေးနေ့က အစ္စရေး၏တိုက်ခိုက်မှုအ တွင်း ပါလက်စတိုင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များက ပြောသည်။

ဆယ်စုနှစ်များစွာကြာ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် နောက်ဆုံးသွေးထွက်သံယိုဖြစ်မှုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အစ္စရေးကို ဟားမတ်စ်များကတိုက်ခိုက်ခဲ့ရာ လူ ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ခန့်ကိုဖမ်းဆီးခဲ့ကြောင်း အစ္စရေး၏စာရင်းဇယားများက ဖော်ပြသည်။

အစ္စရေး၏ နောက်ဆက်တွဲ စစ်ရေးအရထိုးစစ်ဆင်မှုကြောင့် ပါလက်စတိုင်း ၅၆,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူတစ်ရပ်လုံးအား ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းဖြစ်စေခဲ့ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် အပြည်ပြည်ဆိုင် ရာ ရာဇ၀တ်မှုခုံရုံးတွင် စစ်ရာဇ၀တ်မှုများဖြင့် တရာစွဲဆိုထားခဲ့သည်။ အစ္စရေးက စွပ်စွဲမှုများကို ငြင်းဆိုထားသည်။

ပါလက်စတိုင်း ၄၀၀ ကျော်သေဆုံးခဲ့သည့် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် မတ် ၁၈ ရက်က နှစ်လကြာအပစ် အခတ်ရပ်စဲရေး ပြီးဆုံးခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ဂါဇာကို အမေရိကန်ကသိမ်းယူရန် ထရမ့်ကအဆိုပြုခဲ့ပြီး လူ့အခွင့်အရေးကျွမ်းကျင်သူများ၊ ကုလသမဂ္ဂနှင့် ပါလက်စတိုင်းတို့က လူမျိုးတုံးသုတ်သင်ခြင်း အဆိုပြုချက်အဖြစ် ရှုတ်ချခဲ့ကြသည်။

Ref: CNA

#ယနေ့ခေတ်

ငြိမ်းချမ်းရေးအဆိုပြုချက်ကို ၂၄ နာရီအတွင်း ဟားမတ်စ်ဆုံးဖြတ်ရမည်ဟု ထရမ့်ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.