ဝါရှင်တန်၊ ဩဂုတ် ၂
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်၏ အွန်လိုင်းခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းကို ပြန်လည်နေရာချထားရန် ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင် သောကြာနေ့ကပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခြေအနေကြောင့် အင်အားကြီးနိုင်ငံနှစ်ခုအကြား နျူကလီးယားခြိမ်းခြောက်မှုများ မြင့်တက်လာခဲ့သည်။
ဒီမိုက်မဲတဲ့လှုံ့ဆော်ပြောဆိုချက်တွေက ရေငုပ်သင်္ဘောတွေကို သင့်လျော်တဲ့ဒေသတွေမှာ နေရာချထားရေးဆိုတာထက် ပိုသာလွန်နေတယ်လို့ ထရမ့်ကဆိုသည်။“ စကားလုံးတွေက အရမ်းအရေးကြီးပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေကို မကြာခဏဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါဟာ ဒီလိုဖြစ်ဖို့အတွက် ရည်ရွယ်တာမဟုတ်တော့ဘူးလို့ ကျွန်တော်မျှော် လင့်ပါတယ်။” ဟု ထရမ့်ကဆိုသည်။

နျူကလီးယားရေငုပ်သင်္ဘောများ၏ လှုပ်ရှားမှုများသည် ပင်တဂွန်၏ အနီးကပ်ဆုံးချုပ်ကိုင်ထားသည့် နည်းဗျူဟာလေ့ကျင့်မှုတွင် ပါဝင်သောကြောင့် ထရမ့်သည် ရေငုပ်သင်္ဘောများကို အမှန်တကယ်နေရာချထားခြင်းရှိ/မရှိ သို့မဟုတ် အချက်ပြရန်ကြိုးစားနေခြင်းလားဆိုသည်ကို သက်သေပြရန်မဖြစ်နိုင်ပေ။
သို့သော် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနှင့်ထိပ်တိုက်တွေ့မှုများ ရုတ်တရတ်ပြင်းထန်လာချိန်တွင် ထရမ့်က အမေရိကန်၏ နျူကလီးယားလက်နက်တိုက်အား ပြန်လည်နေရာချထားရန် ပြောကြားချက်သည် ပထမဆုံးအကြိမ်ခြိမ်းခြောက်မှုဖြစ်သည်။
ယူကရိန်းစစ်ပွဲကိုရပ်တန့်ရန် ဆန္ဒမရှိသည့်အတွက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များချမှတ်ရန် ရည်ရွယ်ထားကြောင်း၊ ကရင်မလင်ကို ပိုမိုဆန့်ကျင်သည့် သဘောထားဆီသို့ တဖြည်းဖြည်းပြောင်းလဲသွားခြင်း၏ နောက်ဆုံးခြေလှမ်းဟု ထရမ့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်က လေးနက်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများစတင်ရန် ရုရှားကို ရက် ၅၀ ပေးမည်ဟု ပြီးခဲ့သည့်လက ပြောကြားသည်။
ယခုသီတင်းပတ်တွင် ထရမ့်က ငြိမ်းချမ်းရေးဆွေးနွေးမှုများစတင်ရေး နောက်ဆုံးရက်ကို ၁၀ ရက်မှ ၁၂ ရက်အတွင်းဆုံးဖြတ်ရန် ရုရှားကိုအကြောင်းကြားခဲ့သည်။ ရုရှားရေနံဝယ်ယူသည့်နိုင်ငံများအပေါ် “ဒုတိယမြောက် ဒဏ်ခတ်ပိတ်ဆို့မှုများ” ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထရမ့်က ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။ အဆိုပါနိုင်ငံများတွင် တရုတ်၊ အိန္ဒိယနှင့် တူရကီတို့ပါဝင်မည်ဖြစ်ပြီး၊ အခြားသောစေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည့် နိုင်ငံအားလုံးလည်း ပါဝင်မည်ဖြစ်သည်ဟု ထရန့်ကဆိုသည်။
Credit: bangkokpost.com
#ယနေ့ခေတ်
ရုရှားအတွက် နျူကလီးယားခြိမ်းခြောက်မှုအဖြစ် ရေငုပ်သင်္ဘောများကို နေရာချထားရန် ဒေါ်နယ်ထရမ့်အမိန့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်