ဆစ်ဒနီ၊ ဩဂုတ် ၁၁
ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နီက ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
အထွေထွေရွေးကောက်ပွဲများကျင်းပရန်နှင့် အစ္စရေး၏တည်ရှိခွင့်ကို ဆက်လက်အသိအမှတ်ပြုမည်ဟု ပါလက်စတိုင်းအာဏာပိုင်အဖွဲ့(PA)မှ ကတိကဝတ်များရရှိထားကြောင်း အယ်လ်ဘန်နီက ပြောကြားသည်။
“နိုင်ငံနှစ်ခုဆိုတဲ့ ဖြေရှင်းချက်ဟာ အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်မှုသံသရာကို ဖြတ်ကျော်ဖို့နဲ့ ဂါဇာမှာရှိတဲ့ ပဋိပက္ခတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုကိုအဆုံး သတ်ဖို့ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးမျှော်လင့်ချက်ပါပဲ” ဟု ၎င်းက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဂါဇာတွင် စစ်ပွဲအဆုံးသတ်ရန် ဖိအားများတိုးမြင့်လာနေသည့်အစ္စရေးက ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုခြင်းသည် အကြမ်းဖက်မှုကို ဆုလာဘ်ပေးခြင်းဖြစ်သည်ဟု ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသတွင် စနေနေ့မှစ၍ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကြောင့် လူငါးဦးသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၂၁၇ ဦးအထိရှိလာခဲ့ကြောင်း ဟားမတ်စ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
၂၀၂၃ ခုနှစ်ကတည်းက အစ္စရေး၏စစ်ရေးလှုပ်ရှားမှုကြောင့် အရပ်သားစုစုပေါင်း ၆၁,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
ဟားမတ်စ်ဦးဆောင်သည့် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကထိုးစစ်ဆင်ခဲ့ပြီး လူပေါင်း ၁၂၀၀ ခန့်သေဆုံးပြီး၊ ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။
အစ္စရေးသိမ်းပိုက်ထားသော အနောက်ဘက်ကမ်း၏ အစိတ်အပိုင်းများကို ထိန်းချုပ်ထားသည့် ပါလက်စတိုင်းအာဏာပိုင်က နိုင်ငံအဖြစ်အသိအမှတ်ပြုခြင်းသည် ၎င်းတို့ပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပိုမိုတိုးတက်ထောက်ခံကြောင်း ပြသခြင်းဖြစ်သည်ဟု အစောပိုင်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သမ္မတ မာမွတ်အဘတ်စ်ထံမှ ကတိကဝတ်များရရှိပြီးနောက် ဟားမတ်စ်သည် အနာဂတ်နိုင်ငံတော်တွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ကြောင်း အယ်လ်ဘန်နီက ပြောကြားခဲ့သည်။
ဗြိတိန်၊ ပြင်သစ်၊ နယူးဇီလန်နှင့် ဂျပန်တို့တွင် ပြီးခဲ့သောနှစ်ပတ်အတွင်း ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောဆိုပြီးနောက် ယခုကဲ့သို့ သဘောထားထွက်ပေါ်လာခြင်းဖြစ်သည်ဟု အယ်လ်ဘာနီက ပြောကြားသည်။
“ဒီမှာရှိတဲ့ အခိုက်အတန့်အခွင့်အရေးမှာ သြစတြေးလျအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက မီဒီယာသို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆစ်ဒနီဆိပ်ကမ်းတံတားတွင် ပါလက်စတိုင်းလိုလားသောဆန္ဒပြပွဲအပြီး တစ်ရက်အကြာတွင် တရားရုံးက စီရင်ချက်ချခွင့်ပြုခဲ့သည်။
Credit: BBC
#ယနေ့ခေတ်
ဩစတြေးလျသည် စက်တင်ဘာလတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်