ဝါရှင်တန်၊ သြဂုတ် ၁၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်းစစ်ပွဲရပ်စဲရေးအတွက် သဘောတူညီမှုမရရှိခဲ့ဘဲ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၊ အလာစကာတွင် ဩဂုတ် ၁၅ ရက်၊ သောကြာနေ့က သုံးနာရီနီးပါးကြာတွေ့ဆုံပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ခေါင်းဆောင်နှစ်ဦးက မည်သည့်ကိစ္စရပ်မှ တိုးတက်မှုရှိကြောင်း ပြောကြားခဲ့သည်။
၎င်းတို့သည် အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိဘဲ သတင်းထောက်များ၏ မေးခွန်းများကို လျစ်လျူရှုခဲ့သည်။
“ ကျွန်တော်တို့ လမ်းကြောင်းတစ်ခုပြီးသွားပြီ” “ ငြိမ်းချမ်းရေးကို ဆက်လုပ်မှာပါ” ဟု ဒေါ်နယ်ထရမ့်က ပြောကြားသည်။
“သဘောတူညီချက်မရှိပါဘူး။ ကိုင်တွယ်ဆောင်ရွက်နေတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
နှစ်ပေါင်း ၈၀ အတွင်း ဥရောပတွင် အဆိုးရွားဆုံးပဋိပက္ခဖြစ်သည့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများသည် အပစ်အခတ်ရပ်စဲရေးဆီသို့ အဓိပ္ပါယ်ရှိသောခြေလှမ်းများ မဟုတ်ခဲ့ချေ။
သို့သော် ၂၀၂၂ ခုနှစ် ယူကရိန်းကို လုံးလုံးလျားလျားကျူးကျော်ပြီးကတည်းက အနောက်နိုင်ငံခေါင်းဆောင်များ၏ ဝိုင်းပယ်ခြင်းကိုခံခဲ့ရသော ရုရှားသည် အမေရိကန်သမ္မတနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောဆိုနိုင်ခဲ့ခြင်းက ပူတင်အတွက် အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။
ထိပ်သီးစည်းဝေးပွဲအပြီးတွင် ဒေါ်နယ်ထရမ့်က ပူတင်နှင့်ဆွေးနွေးပွဲမှာ တိုးတက်မှုရှိပြီး၊ ရုရှားမှရေနံဝယ်ယူမှုအတွက် တရုတ်အပေါ် အခွန်စည်းကြပ်ခြင်းကို ရပ်တန့်သွားမည်ဖြစ်ကြောင်း Fox News သို့ ပြောကြားခဲ့သည်။
ရုရှားမှရေနံအဓိကဝယ်ယူသူ အိန္ဒိယနိုင်ငံကို ရုရှားမှသွင်းကုန်များအတွက် ဒဏ်ငွေ ၂၅ ရာခိုင်နှုန်းအပါအဝင် အမေရိကန်သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၅၀% ချမှတ်ထားခြင်းနှင့်ပတ်သက်၍ သီးခြားပြောဆိုခြင်းမရှိပေ။
“ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကြောင့် စဉ်းစားနေစရာ မလိုတော့ဘူးထင်တယ်” ဟု တရုတ်အကောက်ခွန်နှင့်ပတ်သက်ပြီး ထရမ့်က ပြောကြားသည်။ “ ကျွန်တော် အဲဒါကို နှစ်ပတ် ဒါမှမဟုတ် သုံးပတ်အတွင်း ဒါမှမဟုတ် တစ်ခုခုတော့ စဉ်းစားရလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ အဲဒါကို အခုချိန်မှာ စဉ်းစားနေစရာမလိုပါဘူး။” ဟု ဆိုသည်။
ထရမ့်သည် မော်စကိုအပေါ် ဒဏ်ခတ်ပိတ်ဆို့မည်ဟု ယခုလအစောပိုင်းတွင် ခြိမ်းခြောက်ထားသော်လည်း သမ္မတပူတင်အတွက် ချမှတ်ထားသော အပစ်အခတ်ရပ်စဲရေး နောက် ဆုံးရက်ကို လျစ်လျူရှုထားသည်။
Credit: Reuters
#ယနေ့ခေတ်
စစ်ရပ်စဲရေးသဘောတူညီချက်မရခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်