ရန်ကုန်၊ ဩဂုတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး စပါးခင်းဧက ၁၀၀၀ နီးပါး ရေနစ်မြုပ်နေခြင်းကြောင့် တောင်သူများအခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။
ဩဂုတ် ၁၄ ရက်က ညောင်ရွှေမြို့အနောက်ဘက်ရှိ ရွာသာဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးခင်းဧက ၁၀၀၀ နီးပါး ရေနစ်မြုပ်ပျက်စီးခဲ့ရာ တောင်သူများအခက် အခဲဖြစ်နေကြောင်း သိရသည်။
“ရေက မနှစ်ကလောက်တော့ မရှိဘူး။ ဒါပေမဲ့ တောင်သူလယ်သမားတွေအတွက်ကျတော့ စပါးတွေရေထဲမြုပ်သွားတာတော့များတယ်။ ညောင်ရွှေအနောက်ဘက်က ရွာသာဘက်မှာနစ်တာ။ ဧကတွေမနည်းဘူး။ ရှစ်ရာ၊ တစ်ထောင်လောက်ရှိမယ်။ သူတို့အတွက်ကျတော့ မိုးဦးကလည်းစောတော့ စပါးက တစ်နှစ်တစ်သီးပဲရတာ။ ဒီနှစ်တော့ တစ်သီးမှမရလိုက်တော့ဘူး။ စပါးခင်းတွေမြုပ်တဲ့အပြင် နေအိမ်တွေလည်းမြုပ်တာ။ မနှစ်ကတော့ စပါးခင်းကပြန်ရသေးတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ညောင်ရွှေမြို့တွင် မိုးသည်းထန်စွာရွာသွန်းမူကြောင့် စိုက်ခင်းအချို့နှင့် နေအိမ်များလည်းနစ်မြုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ညောင်ရွှေမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ကျေးရွာ ပေါင်း ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- ဒေသခံ (ပုံဟောင်းဖြစ်ပါသည်)
#ယနေ့ခေတ်
ညောင်ရွှေမြို့တွင် စပါးခင်းဧက ၁၀၀၀ နီးပါ ရေနစ်မြုပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်