ပလုံ​ကောက်သူများ အ​ယောင်​ဆောင်ပြီး ကားပစ္စည်းနှင့် ဓာတ်ဆီခိုးယူသူများကို ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၆

ရန်ကုန်တိုင်း​ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ် ၁၅ ရက်၊ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ က ​နေအိမ်​ရှေ့ ၌ရပ်နားထားသည့် ကားပစ္စည်းနှင့် ဓာတ်ဆီခိုးယူသူများကို ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်။

​ မင်္ဂလာ​တောင်ညွန့်မြို့နယ်တွင် ပြီးခဲ့သည့် ၁၅ ရက်ခန့်မှစ၍ ​နေအိမ်၌ရပ်ထားသည့် အိမ်စီးကားများ၊ လုပ်ငန်းသုံးကားများ၏ ဓာတ်ဆီ၊ ဒီဇယ်နှင့် ကားပစ္စည်းများကိုခိုးယူသူ အသက် ၂၀ နှစ်​ကျော် လင်မယားနှစ်ဦးနှင့် ညီဖြစ်သူတစ်ဦးတို့ကို ရပ်ကွက်​နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

“အသက် ၂၀ ​ကျော် အရွယ်​ကောင်း​လေး​တွေပါ။ ပလုံ​ကောက်သလိုနဲ့ ကားပစ္စည်း​တွေကို ခိုးတယ်။ ​နောက်ပြီး ကားရဲ့ဓာတ်ဆီနဲ့ ဒီဇယ်​တွေလဲ ခိုးထုတ်ယူတာ​တွေ ပြုလုပ်ကြပါတယ်။ ​နေ့တိုင်း မင်္ဂလာ​တောင်ညွန့်မှာဖြစ်​နေတယ်။ ဒီ​နေ့​တော့ တရားခံသုံးဦးစလုံးကို သက်​​သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိပါတယ်” ဟု မင်္ဂလာ​တောင် ညွန့်မြို့နယ်မှ ရာအိမ်မှူးတစ်ဦးက ​ယ​နေ့​ခေတ်သို့ ​ပြောသည်။

လက်ရှိဖမ်းဆီးရမိသူ တရားခံသုံးဦးသည် ဒဂုံမြို့သစ်(​မြောက်ပိုင်း)တွင် ​နေထိုင်သူများဖြစ်​ကြောင်း စစ်​ဆေး​ဖော်ထုတ်ရရှိခဲ့ပြီး မင်္ဂလာ​တောင်ညွန့်မြို့မရဲစခန်းသို့ လွှဲ​ပြောင်းအပ်နှံခဲ့​ကြောင်း သိရသည်။

ပလုံကောက်သူများ အယောင်ဆောင်ပြီး ကားပစ္စည်း၊ ဓာတ်ဆီနှင့် ဒီဇယ်အပါအဝင် လမ်းတလျောက်ရှိဆိုင်များမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေသူများကို တွန်းလှည်းအပါ အဝင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

ယနေ့ခေတ်

ပလုံ​ကောက်သူများ အ​ယောင်​ဆောင်ပြီး ကားပစ္စည်းနှင့် ဓာတ်ဆီခိုးယူသူများကို ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.