ပုသိမ်-ချောင်းသားလမ်းပိုင်တွင် ယာဉ်တိုက်မှုဖြစ် နှစ်ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၅

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်-ချောင်းသာလမ်းပိုင်းတွင် ဆိုင်ကယ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲဝင်တိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၄ ရက်၊ နံနက် ၈နာရီကျော်က ပုသိမ်-ချောင်းသာလမ်းပိုင်း ကျောက်မန်းကုန်ရွာ ကြက်ခြံအနီးတွင် ဆေးခန်းပြပြီးပြန်လာသည့် လင်မယားနှစ်ဦး၏ဆိုင်ကယ်ကို အ မျိုးသားနှစ်ဦးမောင်းနှင်လာသည့်ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်တိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နှစ်စီးလုံးကတော့ သာပေါင်းဘက်ကိုသွားတာ။ တိုက်ခံရတဲ့ အရှေ့ဆိုင်ကယ်က လင်မယားက ဆေးခန်းပြပြီးပြန်လာတာလို့ပြောတယ်။ အခြားဆိုင်ကယ်တစ်စီးပေါ်က အမျိုး သားနှစ်ယောက်က အနောက်ကနေဝင်တိုက်တာ။ ဝင်တိုက်တဲ့ဆိုင်ကယ်ပေါ်က အမျိုးသားတစ်ဦးက နားအုံနဲ့ကျတာတော့ နေရာမှာပဲဆုံးသွားတယ်။ တိုက်ခံရတဲ့ ဆိုင်ကယ်ပေါ်က အမျိုးသမီးဆို ဦးထုပ်တွေပါကွဲသွားတာ ပြုတ်ကျတော့ သူလည်းဆုံးသွားတယ်။ နောက်နှစ်ဦးမှာ တစ်ဦးကဒဏ်ရာပြင်းတယ်။” ဟု ဒေသခံပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို ဒေသခံပရဟိတလူမှုကူညီရေးအသင်းမှ ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-မြင့်မြတ်ဂရုဏာပရဟိတလူငယ်များအသင်း

#ယနေ့ခေတ်

ပုသိမ်-ချောင်းသားလမ်းပိုင်တွင် ယာဉ်တိုက်မှုဖြစ် နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.