စင်္ကာပူ၊ ဩဂုတ်လ ၁၅
စင်္ကာပူနိုင်ငံတွင် ဩဂုတ်လ ၁၄ ရက်နေ့က မူးယစ်ဆေးဝါးဖမ်းဆီးမှုများတွင် အမျိုးသား ၃ ဦးကိုဖမ်းဆီးခဲ့ပြီး စင်ကာပူဒေါ်လာ ၁၂၈,၀၀၀ (အမေရိကန်ဒေါ်လာ ၉၉,၀၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း ဗဟိုမူးယစ်ဆေးဗျူရို(CNB)က သောကြာနေ့တွင် ပြောကြားသည်။
အဆိုပါအမျိုးသားနှစ်ဦး၏ သားသမီးများလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖမ်းဆီးမှုတွင် အိုက်စ် ၁၀၅၀ ဂရမ်ခန့်၊ Erimin-5 ဆေးပြား ၁၀၀ ပြား၊ စိတ်ကြွဆေးပြား ၉ ဂရမ်နှင့် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးမှုဖြင့် စွဲချက်တင်ထားသည့် အသက် ၄၂ နှစ်အရွယ် စင်္ကာပူနိုင်ငံသားတစ်ဦးအား Tampines Street 86 အနီးရှိ ၎င်း၏နေထိုင်သည့်နေရာတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း CNB က ပြောကြားသည်။
တရားခံအဖြစ်သံသယရှိသူ၏ ၁၀ နှစ်အရွယ်သမီးဖြစ်သူသည် ဧည့်ခန်းထဲတွင်ရှိနေပြီး၊ မူးယစ်ဆေးဝါးသုံးပစ္စည်းများကို ကော်ဖီစားပွဲအောက်တွင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် CNB အရာရှိများသည် Bukit Batok West Avenue 9 အနီးရှိ အခြားလူနေခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၃၆ နှစ်အရွယ် စင်ကာပူနိုင်ငံသားတစ်ဦးအား မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည်ဟု သံသယရှိသူအဖြစ် ဖမ်းဆီးခဲ့သည်။
၎င်း၏ဇနီးနှင့် အသက်တစ်နှစ်မှ ရှစ်နှစ်ကြားရှိ ကလေးငယ်လေးဦးတို့ကို အဆိုပါနေရာအတွင်း၌ အိုက်စ် ၈၉၂ ဂရမ်နှင့် Erimin-5 ဆေးပြား ၁၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် အသက် ၄၁ နှစ်အရွယ် စင်ကာပူနိုင်ငံသားတစ်ဦးကိုလည်း Jalan Kayu အနီးရှိ လူနေခန်းတစ်ခုတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည်ဟု သံသ ယဖြင့် ဖမ်းဆီးခဲ့သည်။ အခန်းအတွင်းမှ အိုက်စ် ၁၅၈ ဂရမ်နှင့် စိတ်ကြွဆေးပြား ၉ ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဖမ်းဆီးခံထားရသည့် သံသယရှိသူများ၏ မူးယစ်ဆေးဝါးလုပ်ငန်းများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း CNB မှ ပြောကြားသည်။
Credit: CNA
#ယနေ့ခေတ်
စင်ကာပူတွင် ဒေါ်လာ ၁၂၈,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ဖမ်းဆီးခံရသူနှစ်ဦးတွင် ကလေးငယ်များပါဝင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်