မြန်မာပြည်အထက်ပိုင်းသို့သွားမည့် ကုန်းကားများနှင့် အိမ်စီးကားများ ယောက်သွားအိုင်တွင်ပိတ်မိနေ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မြန်မာပြည်အထက်ပိုင်း၊ ကချင်ပြည်နယ်သို့သွားမည့် ကုန်းကားများနှင့် အိမ်စီးကားများ စစ်ကိုင်းတိုင်း၊ ယောက်သွားအိုင်ကျေးရွာတွင် ပိတ်မိနေခြင်ကြောင့် ကုန်ကားသမားများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက်၊ နေ့လည်ပိုင်းက မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်စသည့်နေရာများကိုသွားမည့် ကုန်ကားများနှင့် အိမ်စီးကားများ ယောက်သွားအိုင်ကျေးရွာတွင် ပိတ်မိနေခြင်းကြောင့် ကားသမားများနှင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

“အဖွဲ့အစည်းတွေက မတူတော့ ဟိုဘက်အဖွဲ့စည်းက ပိတ်လိုက်။ ဒီဘက်အဖွဲ့အစည်းက ပိတ်လိုက်နဲ့။ အဓိကတော့ ရက်တွေကြာလာရင် စားစရိတ်တွေထောင်းမယ်။ ကုန်စိမ်းတွေပါရင်၊ ပုပ်ကုန်တွေပါရင် ကုန်တွေကပုပ်တယ်။ လမ်းမကောင်းတဲ့နေရာတွေဆို ကားတွေပျက်တယ်။ လမ်းတွေကပိတ်ပြီးဆိုရင် ရက်အကန့်အသက်မရှိပဲကြာတယ်။” ဟု ခရီးသည်တင်ယာဉ်မောင်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇန်နဝါရီ ၂၈ ရက်နေ့က ရွှေဘိုမြို့နယ်၊ ကိုးပင်ဂိတ်မှ ကုန်ကားများနှင့် အိမ်စီးကားများ လွှတ်ပေးပြီးနောက်၊ ယနေ့ နေ့လည်ပိုင်းက ယောက်သွားအိုင်ကျေးရွာတွင် ထပ်မံပိတ်မိနေကြောင်း သိရသည်။

“အခုလို လမ်းမှာခဏခဏပိတ်နေရင် လမ်းခရီးမှာ ကျန်းမားရေမကောင်းတဲ့လူ နာတွေအတွက် စိုးရိမ်ရပါတယ်။ တစ်ချို့ဆို ပိုးဆိုလာတာတွေရှိတယ်။ တစ်ချို့ဆို ပိုက်တန်းလန်းကြီးတွေနဲ့သွားကြရတဲ့ လူနာတွေလည်းရှိတယ်။ အရေးကြီးတဲ့လူနာတွေ အသဲအသန်ဖြစ်တဲ့လူနာတွေဆို လမ်းခရီးမှာတင် ဆုံးသွားတာတွေလည်းရှိတယ်။ ကားလမ်းကို တည့်လမ်းကြီးကိုဖွင့်စေချင်ပါတယ်။ ကွင်းလမ်းတွေကတော့ ဖုံတွေထ၊ ဖုံတွေဖုံးနဲ့ ကားတွေကပျက်စီးနဲ့ သွားရလာရတာတွေ အရမ်းခက်ခဲပါတယ်။” ဟု ကားသမားတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။

ယနေ့ နေလည်ပိုင်းတွင် ကားသမားများအနေဖြင့် ယောက်သွားအိုင်ကျေးရွာမှ တာဝန်ရှိသူများကို ဗျူဟာလမ်းအတိုင်း သွားလာနိုင်ရေးအတွက် ညှိနှိုင်းမှုများလုပ်ဆောင်နေသော်လည်း ယခုညနေအချိန်ထိ ကားလမ်းကြောင်းများ ဖွင့်လှစ်ပေးခြင်မရှိသေးကြောင်း နယ်မြေခံသတင်းများမှ သိရသည်။

#ယနေ့ခေတ်
ဓာတ်ပုံ-မိုးညှင်းခရိုင်လမ်းညွှန်
#ချစ်ချစ်ခိုင်

မြန်မာပြည်အထက်ပိုင်းသို့သွားမည့် ကုန်းကားများနှင့် အိမ်စီးကားများ ယောက်သွားအိုင်တွင်ပိတ်မိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.