မရမ်းကုန်းမြို့နယ်တွင် ကုန်မာဆိုင်မီးလောင်ကျွမ်း အမျိုးသမီးနှစ်ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်း၊ မရမ်းကုန်မြို့နယ်တွင် ကုန်မာဆိုင် ဝါယာရှော့မှတဆင့် မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက် ၃ နာရီခန်က မရမ်းကုန်မြို့နယ်၊ (၂) ရပ်ကွက် ဗဟိုလမ်းအနီး(သမိုင်းဂုံးကျော်တံတားအနီး)တွင် “ မောင်ဝင်း” ကုန်မာဆိုင် ဝါယာရှောဖြစ်ရာမှတစ်ဆင့် မီးလောင်းကျွမ်းခဲ့ပြီး၊ အသက် ၆၀ ကျော် ဆိုင်ရှင်အမျိုးသမီးနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် မီးလောင်သေဆုံးသူတို့၏ မောင်ဖြစ်သူမှာ လုံခြုံရေးအတွက် အိမ်ခန်းတံတံခါးကို အပြင်မှသော့ခတ်ထားခြင်းကြောင့် ထွက်ပေါက်ပိတ်ကာ သေးဆုံးသွားခဲ့ကြောင်း သိရသည်။

“ညကြီးအချိန် ၃ နာရီထိုးပြီးလောက်က ဗဟိုလမ်းအနီး(သမိုင်းဂုံးကျော်တံတားအနီး) “ မောင်ဝင်းစျေးဆိုင်” အိမ် မီးလောင်သွားတာ။ အသက် ၆၀ ကျော် တရုတ်အပျိုကြီး ညီအမနှစ်ဦး မီးထဲပါသွားတာ။ အိမ်တံခါးကို သူတို့မောင်က ဟိုးလွန်ခဲတဲ့နှစ်တွေထဲက အပြင်ကနေ သော့ခတ်ထားနေကျတဲ့။” ဟု အဆိုပါရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“အပေါ်၊ အလယ်၊ အောက် သုံးနေရာလုံးကို သော့ခတ်ပိတ်ထားတာမျိုး။ ကျန်မိသားစုဝင် မောင်နှမတွေကလည်း အနီးအနားလမ်းတွေမှာ စျေးဆိုင်တွေဖွင့် ရောင်းချနေထိုင်ကြတာ။ ဆွေမျိုးမိတ်ဆွေတွေအနေနဲ့ အကြောက်အလန့်ကြီးပြီး။ အပြင်ကနေ သေ့ာခတ်တာမျိုးတွေရှိခဲ့ရင် ခုလိုအရေးအကြောင်းပေါ်လာရင် အသက်ပါဆုံးရှုံးသွားစေရတဲ့ ဖြစ်ရပ်မျိုးပါ။” ဟု အဆိုပါရပ်ကွက်တွင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“မောင်းဝင်း”ကုန်မာဆိုင်သည် ကားပစ္စည်း၊ ဘက်ထရီ၊ ခြင်ဆေးဖြန်းရည်၊ တာယာအပြင် အိမ်ဆောက်ပစ္စည်းများရောင်းချပြီး၊ လျှပ်စစ်ပစ္စည်းနှင့် Home Appliance ပစ္စည်းများလည်းရောင်းချကြောင်း သိရသည်။

မီးလောင်မှုသည့် နံနက် ၃ နာရီ၊ ၃၇ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ၃ နာရီ၊ ၅၃ မိနစ်တွင် မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်

မရမ်းကုန်းမြို့နယ်တွင် ကုန်မာဆိုင်မီးလောင်ကျွမ်း အမျိုးသမီးနှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.