ညောင်ဦးမြို့တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်နှင့် ဂိုထောင် မီးလောင်ကျွမ်း

ရန်ကုန်၊ မတ် ၁၇

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်နှင့် ဂိုထောင် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မတ်လ ၁၆ ရက်၊ ည ၈ နာရီခန့်က၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာတွင် ထမင်းအိုးတည်ရာက မီးကြွင်းမီးကျန်မှတဆင့် နေအိမ်အပါအဝင် ဂိုထောင်နှင့် နွားတင်းကုတ်တို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ထမင်းအိုးချက်တဲ့မီးကြွင်းမီးကျန်ကနေလောင်တာပါ။ နေအိမ်လည်းပါပါတယ်။ နွားတင်းကုတ်ရယ်။ သီးနှံတို့ နွားစာတို့ထည့်တဲ့ ဂိုထောင်ရယ် အဲ့ဒါတွေလောင်သွားတာ။ စုစုပေါင်းဆို ငါးလုံးလောက်ရှိမယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုးကတော့ အဲ့လိုတော့ မသိရသေးဘူးဗျ။ ညောင်ဦးမှာ သုံးလပိုင်းအတွင်း မီးလောင်တာ ဒီတစ်ကြိမ်ပဲရှိပါသေးတယ်။” ဟု ညောင်ဦးမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် ည ၈ နာရီ ၂ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၈ နာရီ၊ ၂၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝနိးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ညောင်ဦးမီးသတ်
ယနေ့ခေတ်

ညောင်ဦးမြို့တွင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်နှင့် ဂိုထောင် မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.