ရန်ကုန်၊ မတ် ၁၈
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌအဖြစ် ဦးဂျာဖမ်းနော်တောင်တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့အစည်းအဝေးကို မတ် ၁၈ ရက်၊ နံနက် ၁၀ တွင် နေပြည်တော်၊ လွှတ်တော်အဆောက်အဦဝင်းအတွင်းရှိ အမျိုးသားလွှတ်တော်အဆောက်အဦတွင် စတင်ကျင်းပခဲ့သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခြင်းကြောင့် ပြိုင်ဘက်မရှိရွေးချယ်ခံရသည်။ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌကို ရွေးချယ်တင်မြှောက်ရာတွင် ဦးဂျာဖမ်းနော်တောင် တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခြင်းကြောင့် ပြိုင်ဘက်မရှိရွေးချယ်ခံရသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်။ အမျိုးသားလွှတ်တော်အစည်းအဝေးသို့တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်။ အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆောင်ရွက်ရမည်ဖြစ်သည်။
ယနေ့ခေတ်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးကို ရွေးချယ်တင်မြှောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်