ဥရုနေ့စဉ်သတင်းဌာန၏ အယ်ဒီတာ ကိုတာလင်းမောင် ပြန်လည်လွတ်မြောက်လာ ဟုဆို

ရန်ကုန်၊ မတ်လ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဥရုနေ့စဉ်သတင်းဌာန၏အယ်ဒီတာ ကိုတာလင်းမောင် ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။

မတ်လ ၁၇ ရက်၊ ညနေ ၅ နာရီကျော်က ဖားကန့်မြို့အခြေစိုက် ဥရုနေ့စဉ်သတင်းဌာန၏အယ်ဒီတာ ကိုတာလင်းမောင်ကို လက်နက်အဖွဲ့အစည်းတစ်ခုမှ ဖမ်းစီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့ညနေ ၅ နာရီကျော်ခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကိုတာလင်းမောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

Screenshot

“ကျနော် ခုပဲပြန်လွတ်ခဲ့ပါပြီ။ စိတ်ပူကြတဲ့မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျ။” ဟု ကိုတာလင်းမောင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မှော်ရှန်ကျေးရွာတွင် ဖမ်းစီးခံရသသည့် ဥရုနေ့စဉ်သတင်းဌာန၏အယ်ဒီတာ ကိုတာလင်းမောင် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်သည့် အကြောင်းအရင်းကို အသေးစိတ်မသိရှိရသေးပါ။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-Tarlinmg
ယနေ့ခေတ်

ဥရုနေ့စဉ်သတင်းဌာန၏ အယ်ဒီတာ ကိုတာလင်းမောင် ပြန်လည်လွတ်မြောက်လာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.