ဒုတိယသမ္မတလောင်းများအဆိုပြုရမည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ပြုလုပ်မည်

ရန်ကုန်၊ မတ် ၂၀

ဒုတိယသမ္မတလောင်များရွေးချယ်နိုင်ရန် ဒုတိယသမ္မတလောင်းများအဆိုပြုရမည့် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် စတင်ပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်ဥက္ကဌက မတ်လ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ပထမနေ့အစည်းအဝေးတွင် ကြေညာသည်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမနေ့အစည်းအဝေးကို နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ မတ်လ ၂၀ ရက်တွင် ကျင်းပပြုလုပ်ရာ ဒုတိယသမ္မတလောင်များရွေးချယ်နိုင်ရန် ဒုတိယသမ္မတလောင်းများအဆိုပြုရမည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် စတင်ပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်ဥက္ကဌက ကြောညာသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်မှ အစုအဖွဲ့သုံးဖွဲ့ ဖွဲ့စည်းပြီး အစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။ အစုအဖွဲ့သုံးဖွဲ့တွင် (၁) ရွေးကောက်ခံ ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ (၂) ရွေးကောက်ခံ အမျိုးသားလွှတ်တော်အစုအဖွဲ့၊ (၃) တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တို့ဖြစ်ပြီး၊ အစုအဖွဲ့လိုက် ဒုတိယသမ္မတလောင်များရွေးချယ်နိုင်ရန် ဒုတိယသမ္မတလောင်းများအဆိုပြုရမည်ဖြစ်သည်။

အစုအဖွဲ့လိုက်ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌လည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ပေးထားသည့်နေရာ၌လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

သက်ဆိုင်ရာအစုအဖွဲ့အလိုက် ဒုတိယသမ္မတတစ်ဦးစီ ရွေးချယ်တင်မြှောက်ပြီးပါက သက်ဆိုင်ရာလွှတ်တော်ဥက္ကဌက ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့တင်ပြရမည်ဖြစ်သည်။ အလားတူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကလည်း ၎င်းတို့အစုအဖွဲ့ကရွေးချယ်ထားသည့် ဒုတိယသမ္မတအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့တင်ပြရမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်ဥပဒေ ၃၀ နှင့်အညီ နိုင်ငံတော်သမ္မတစိစစ်ရေးအဖွဲ့မှ လွှတ်တော်နှစ်ရပ်၏ ဥက္ကဌများ ဒုတိယဥက္ကဌများနှင့်အတူပါဝင်နိုင်ရန် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တပ်မတော်သားအစုအဖွဲ့မှ လွှတ် တော်ကိုယ်စားလှယ်တစ်ဦးတို့ကိုရွေးချယ်ပြီး အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။

အမည်စာရင်းများရရှိပြီးနောက် နိုင်ငံတော်သမ္မတအရည်အချင်းပြည့်စုံမှုရှိ၊ မရှိကိုစိစစ်ခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းတို့ကို နိုင်ငံတော်သမ္မတစိစစ်ရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ဥက္ကဌက ကြေညာ သည်။

ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၈၆ ဦးအနက် ၅၈၅ ဦးတက်ရောက်ကြောင်း သိရ သည်။

ယနေ့ခေတ်
ဓာတ်ပုံ- pyidaungsu.hluttaw.mm

ဒုတိယသမ္မတလောင်းများအဆိုပြုရမည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ပြုလုပ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.