ဂျကာတာ၊ ဧပြီ ၄
အင်ဒိုနီးရှား၏ ဝေးလံခေါင်သီသော မြောက်ပိုင်း Talaud ကျွန်းများတွင် ဧပြီ ၄ ရက် စနေနေ့တွင် ပြင်းအား ၆.၀ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းကောက်ယူရေး (USGS) က ပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုသတင်းများကို မသိရသေးပါ။
ငလျင်သည် ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းရှိ Sarangani ပြည်နယ်၏ အရှေ့တောင်ဘက် ၉၀ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၉၉ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်။
ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးအရာရှိ ဟာရီ စောရိုးက ငလျင်သည် “ အနည်းငယ်သာ ခံစားခဲ့ရသည်” ဟု AFP သို့ ပြောကြားခဲ့သည်။ ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ဒဏ်ရာရရှိမှုသတင်းများကိုလည်း မကြားသိရပါ။
ဖိလစ်ပိုင်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုများသည် အင်ဒိုနီးရှားနှင့် အခြားအိမ်နီး ချင်းနိုင်ငံများနှင့်အတူ ဂျပန်မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသတလျှောက် ကျယ်ပြန့်သော၊ ပြင်း ထန်သော ငလျင်လှုပ်ရှားမှုများရှိသည့် ပစိဖိတ် “ မီးကွင်း” ပေါ်တွင်တည်ရှိပြီး နေ့စဉ်နီးပါးဖြစ်ပွားလေ့ရှိသည်။
အင်ဒိုနီးရှား၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ (BMKG) က ဆူနာမီခြိမ်းခြောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ်တွင် အင်ဒိုနီးရှား၏ အနောက်ဘက်အကျဆုံး အာချေးပြည်နယ်၌ ပြင်းအား ၉.၁ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်စေခဲ့ကာ အင်ဒိုနီးရှားတွင် လူပေါင်း ၁၇၀,၀၀၀ ကျော် သေဆုံးခဲ့သည်။
Ref: channelnewsasia.com
ယနေ့ခတ်
ပြင်းအား ၆.၀ ရှိသော ငလျင်တစ်ခု အင်ဒိုနီးရှားမြောက်ပိုင်းတွင် လှုပ်ခတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်