နခွန်ဖနွမ်၊ ဧပြီ ၉
ထိုင်းနိုင်ငံသို့ ကီတာမင်း ၂၀၀ ကီလိုဂရမ် မှောင်ခိုတင်သွင်းရန် ကြိုးစားနေသော အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်တပ်မှဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားသည်။
ဖမ်းဆီးမှုကို ဗုဒ္ဓဟူးနေ့ညက အပန်းဖြေဟိုတယ်တစ်ခုတွင် ပြုလုပ်ခဲ့ပြီး အရှေ့ မြောက်ပိုင်းပြည်နယ်၊ ဘန်ဖင်ခရိုင်၊ ဘန်ဖင်တိုင်းရွာရှိ မဲခေါင်မြစ်အနီးရှိ နေရာတစ်ခုမှ မောင်းနှင်လာသော သံသယဖြစ်ဖွယ် မစ်ဆူဘီရှီ ပါဂျဲရိုကားတစ်စီးကို ကင်းစောင့်များက တွေ့ရှိခဲ့သည်။
ဖမ်းဆီးခံရသော သံသယရှိသူများမှာ အသက် ၂၀ အရွယ် ပချာရာပိုလ် ပေါင်ဖွတ်သာရက်၊ အသက် ၁၈ နှစ်အရွယ် အနုချီတာ ဖန်မဟာ၊ အသက် ၂၀ အရွယ် နာသာပေါင် မွန်ကိုလ်ဆာပါနှင့် အသက် ၂၄ နှစ်အရွယ် ပီဆစ် ဥဆူဖန်တို့ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် မုတ်ဒါဟန်ပြည်နယ်၊ မောင်ခရိုင်ဇာတိသားများဖြစ်သည်။
အရာရှိများ၏အဆိုအရ ကီတာမင်း တစ်ကီလိုဂရမ်အလေးချိန်ရှိသော အထုပ် ၂၀၀ ခန့်ပါဝင်သည်။ အထုပ်ငယ်များကို အိတ်ကြီးလေးလုံးထဲသို့ ထည့်ထာကာ ဘက်စုံသုံးယာဉ်ဖြင့် သယ်ဆောင်လာသည်။
ဖမ်းဆီးရမိသော ကီတာမင်းတန်ဖိုးမှာ စုစုပေါင်း ဘတ် ၄၀ သန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သံသယရှိသူများက မဲခေါင်မြစ်အတွင်းမှ ကုန်းတွင်းပိုင်းရှိ ဝယ်ယူသူများထံ အဆိုပါမူးယစ်ဆေးဝါးများ ပို့ဆောင်ရန် ဘတ် ၃၀၀,၀၀၀ ဖြင့် ငှားရမ်းထားကြောင်း တာဝန်ရှိသူများကို ပြောကြားသည်။ ၎င်းတို့သည် ဆောင်ခရန်ပွဲတော်အတွင်းသုံးစွဲရန် ရန်ပုံငွေရှာဖွေကြခြင်းဖြစ်ကြောင်း သိရသည်။
ကီတာမင်းသည် နိုင်ငံခြားခရီးသွားများနှင့် အထက်တန်းလွှာများကြား ဖျော်ဖြေရေးနေရာများတွင် ပိုမိုရေပန်းစားလာပြီး တစ်ကီလိုဂရမ်လျှင် ဘတ် ၂၀၀,၀၀၀ ခန့် ရောင်းချနေကြောင်း အရာရှိများက ပြောကြားသည်။
နခွန်ဖနွမ်မှတစ်ဆင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုသည် ပြီးခဲ့သည့် ခြောက်လအတွင်း ပိုမိုလှုပ်ရှားလာပြီး ပြည်နယ်အတွင်း အမ်ဖက်တမင်းဆေးပြား ၂၅ သန်း၊ မက်သာဖက်တမင်းအခဲ ၃ တန်နှင့် ကီတာမင်း ၂ တန် ဖမ်းဆီးရမိကြောင်း အရာရှိများက သတင်းထုတ်ပြန်သည်။
Ref: bangkokpost.com
ယနေ့ခေတ်
မဲခေါင်မြစ်အနီးတွင် ကီတာမင်း ၂၀၀ ကီလိုဂရမ် ဖမ်းဆည်းရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်