ရန်ကုန်၊ ဧပြီ ၁၀
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထိုက်သင့်သည့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားဆောင်ရွက်ပေးသွားမည်ဟု ဧပြီလ ၁၀ ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် သမ္မတကျမ်းသစ္စာကျိမ်ဆိုခြင်းအခန်းအနားအပြီး ပြောကြားသည့်မိန့်ခွန်းတွင် သမ္မတ ဦးမင်အောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။” ဟု သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံသားတိုင်း ဥပဒေရေးရာအကာအကွယ်ကို အညီအမျှရရှိစေရန်၊ မှားယွင်းပြီး အပြစ်စီရင်ခြင်းမခံရစေရန် တရားရုံးများ ဖြောင့်မတ်မှန်ကန်စေရန် ဦးစားပေးဆောင်ရွက်သွားမည်ဟု သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
“နိုင်ငံသားတိုင်း ဥပဒေရေးရာအကာအကွယ်ကို အညီအမျှရရှိစေဖို့ မှားယွင်းပြီး အပြစ်စီရင်ခြင်းမခံရဖို့ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတပြီး တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်စီရင်နိုင်ဖို့ တရားရုံးများဖြောင့်မတ်မှန်ကန်စေဖို့ကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ အဓိကအခြေခံအုတ်မြစ် မရှိမဖြစ်လိုအပ်ပါတယ်။” ဟု သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ခန့်အပ်တာဝန်ပေးခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း၊ ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ ပြည် ထောင်စုစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုရာ ထူးဝန်အဖွဲ့ ဖွဲ့စည်းခြင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း၊ နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း၊ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း၊ နေပြည်တော်ကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဖွဲ့စည်းခြင်း၊ မြို့တော်ဝန်များ ခန့်အပ်တာဝန်ပေးခြင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ပူးတွဲတာဝန်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ ခန့်ထားခြင်းများ ဆောင်ရွက်ခဲ့သည်။
ယနေ့ခေတ်
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားဆောင်ရွက်ပေးသွားမည်ဟု သမ္မတ ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်