ဘန်ကောက်၊ ဧပြီ ၁၂
ထိုင်းနိုင်ငံတွင် သင်္ကြန်ပွဲတော်ရုံးပိတ်ရက် ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၇၁ ဦး သေဆုံးပြီး၊ ၃၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သောကြာနေ့နှင့် စနေနေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၃၄၄ မှုအတွင်း သေဆုံးခဲ့ရသူများဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆိုဖွန် အိုင်အမ်စီရီသဝန်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။
မြောက်ပိုင်းပြည်နယ်နှစ်ခုဖြစ်သည့် နန်နှင့် လမ်းပန်းတို့သည် ယာဉ်မတော်တဆမှု ၁၇ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီ အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ သေဆုံးမှုအများဆုံးမှာ ပရာချင်ဘူရီနှင့် ဖစ်စနူလော့ပြည်နယ်တို့ဖြစ်ပြီး အမှုလေးမှုစီဖြစ်ပွားခဲ့သည်။
စနေနေ့တစ်ရက်တည်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်မတော်တဆမှု ၂၀၈ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရရှိသူ ၁၈၅ ဦးရှိခဲ့သည်။
မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းတွင် အများစုမှာ မြန်နှုန်းမြှင့်မောင်းနှင်မှုကြောင့် ၄၅% ဖြစ်ပြီး အရက်သောက်ပြီးမောင်းနှင်မှုကြောင့် ၂၅% ဖြစ်သည်။ မတော်တဆမှု၏ ၆၁% တွင် မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်ခဲ့သည်။
ဒေါက်တာ ဆိုဖွန်က ဆောင်ခရန်ခရီးသွားအများစုသည် ၎င်းတို့၏ ဦးတည်ရာသို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့သည်။ ဆောင်ခရန်လမ်းဘေးကင်းရေးလှုပ်ရှားမှုကို ဆက်လက်လုပ် ဆောင်နေသည်ဟု ဆိုသည်။
Ref: bangkokpost.com
ယနေ့ခေတ်
ထိုင်းနိုင်ငံတွင် သင်္ကြန်ပွဲတော်ရုံးပိတ်ရက် နှစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် ၇၁ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်