ရန်ကုန်၊ ဩဂုတ် ၁
မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းတွင် ၂၂ ဘီးတွဲကားတစ်စီးသည် အိမ်စီးကားကို အရှိန်လွန်ပြီးဝင်တိုက်မိရာမှ ချောက်ထဲထိုးကျကာ နှစ်ဦးသေဆုံးကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက်၊ ည ၇ နာရီကျော်က၊ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင်အမှတ် ၁၆/၃ အနီးတွင် သကြားအိတ်များသယ်ဆောင်လာသည့် ၂၂ ဘီးကားတစ်စီးသည် အိမ်စီးကားကိုအရှိန်လွန်ပြီး ဝင်တိုက်ခဲ့ရာက ရွှေမန်းသူချောက်ထဲထိုးကျကာ အမျိုးသားနှစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“တွဲကားက အိမ်စီးကားကိုတိုက်မိတာ။ အရှိန်လွန်ပြီးချောက်ထဲကိုကျတာပါ။ သကြားအိတ်တွေသယ်လာတဲ့ကားပါ။ တွဲကားပေါ်က အမျိုးသားနှစ်ဦးဆုံးသွားတယ်။ အိမ်စီးကားပေါ်က အမျိုးသမီးတစ်ဦးတော့ ဒဏ်ရာရတယ်။” ဟု ဒေသခံလူမှုညီရေးအသင်းမှ အသင်းဝင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ချောက်ထဲထိုးကျပြီး သေဆုံးသွားသည့်အမျိုးသားနှစ်ဦးနှင့် ဒဏ်ရာရရှိသူအမျိုးသမီးကို ဒေသခံလူမူကူရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ကလည်း၊ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင်အမှတ် ၁၉ တွင် ခြောက်ဘီးကားတစ်စီး လမ်းဘေးချောက်အတွင်းသို့ တိမ်းမှောက်ခဲ့ပြီး အမျိုး သားနှစ်ဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။
ဓာတ်ပုံ- စေတမွန်လူမှုကူညီရေးအသင်း
မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းတွင် တွဲကားတစ်စီးချောက်ထဲထိုးကျ နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်