ဘန်ကောက်၊ မေ ၃၁
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ အမြဲတမ်းစစ်ဆေးရေးဂိတ်(၆)ခုနှင့် ယာယီစစ်ဆေးရေးဂိတ် (၁၀)ခုကို ပိတ်ရန်စီစဉ်နေပြီး စီစကက်စီရင်စု၊ ကန်သာလတ်ခရိုင်ရှိ ဘုရားဗိဟာရ ရှေးဟောင်းဘုရားကျောင်းနှင့် ဆူရင်စီရင်စု၊ ဖနွမ်ဒွန်ရက်ခရိုင်ရှိ ပရာဆတ်တမွမ်တုံ ရှေးဟောင်းအမွေအနှစ်များဆီသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်များထုတ်ပေးခြင်းကို ဆိုင်းငံ့ထားကြောင်း သိရသည်။
နယ်စပ်တလျှောက်နေထိုင်သူများနှင့် နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ လုံခြုံမှုရှိစေရေး ပိတ်သိမ်းရန်လိုအပ်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံ Ubon Ratchathani ပြည်နယ်၊ Chong Bok နယ်စပ်ဂိတ်တွင် မကြာသေးမီကဖြစ်ပွားခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုများအပြီးတွင် ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့သည့်နောက်ပိုင်းတွင် ကမ္ဘောဒီးယားအင်တာနက်သုံးစွဲသူများက အမျိုးသားရေးစိတ်ဓာတ်များ လှုံ့ဆော်လာပြီးနောက် နှစ်နိုင်ငံကြား ထိပ် တိုက်ရင်ဆိုင်မှုဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် နယ်စပ်ကိုပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
Ref: Thai PBS World
#ယနေ့ခေတ်
ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ်ရှိ စစ်ဆေးရေးဂိတ် ၁၆ ခုကို ထိုင်းဘက်ကပိတ်ရန်စီစဉ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်