ရန်ကုန်၊ မတ် ၂၁
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ကျိုက်ထီးရိုးဘုရားဖူးသွားသည့် သားအမိသုံးဦး ငါးရက်ကြာပျောက်ဆုံးနေကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ (၁၄) ရပ်ကွက်၊ တိုက် (၁၁/၂၀၄) တွင်နေထိုင်သည့် သားအမိသုံးဦးသည် မတ်လ ၁၇ ရက်၊ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ကျိုက်ထီးရိုးဘုရားဖူးသွားရမှ ပျောက်ဆုံးနေကြောင်း ၎င်းတို့၏မိသားစုဝင်တစ်ဦးထံမှ သိရသည်။
“အိမ်ကပြောတာတော့ ကျိုးထီးရိုးသွားမယ်လို့ပြောတာ။ ကျိုက်ထိုလည်းသွားမယ်ပြောတယ်။ ကျိုက်ထိုမှာ သူ့သူငယ်ချင်ရှိတော့ အဲ့ကိုသွားမယ်လည်းပြောတယ်။ ဖုန်းဆက်ကြည့်တော့လည်း ရောက်မလာဘူးတဲ့။ ပျောက်နေတာ အင်္ဂါနေ့နဲ့ဆို ၅ ရက်ကြာနေပြီ။ ဒီနေ့အထိမတွေသေးဘူး။ မိန်းမရော ကလေးတွေပါ မတွေ့သေးဘူး။ အခုထိတော့ရှာနေကြတာ မတွေ့ဘူး။” ဟု ပျောက်ဆုံးနေသည့် ကလေးနှစ်ဦး၏ဖခင်က ယနေ့ခေတ်သို့ ပြောသည်။
ပျောက်ဆုံးနေသူများမှာ မသန္တာအောင် အသက် ၄၁ နှစ်၊ အဘ ဦးလှရွှေ၏သမီးဖြစ်ပြီး၊ မောင်အံ့ထူးသွင် အသက် ၆ နှစ်၊ မောင်ညီဘုန်းပြည့်စုံ အသက် ၂ နှစ်တို့သည် ဦးရဲဝင်းထိုက်၏ သားနှစ်ဦးဖြစ်ကြောင်း သိရသည်။
ငါးရက်ကြာပျောက်ဆုံးနေသည့် သားအမိသုံးကို မိသားစုဝင်များက စိုးရိမ်နေပြီး ၎င်းတို့သားအမိသုံးဦးအားတွေ့ရှိပါက ဖုန်းနံပါတ် 09766378684 သို့ အမြန်ဆုံးအကြောင်းကြား ဆက်သွယ်ပေးပါရန် ဖခင်ဖြစ်သူက လူမှုကွန်ရက်တွင် အကူညီတောင်းထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-လူမှုကွန်ရက်
ယနေ့ခေတ်
ကျိုက်ထီးရိုးဘုရားဖူးသွားရာမှ သားအမိသုံးဦး ပျောက်ဆုံးနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်