ကျိုင်းတုံနည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်း မီးလောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ နည်းပညာသက္ကသိုလ်ကျောင်းဝန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက်၊ ညနေ ၂ နာရီကျော်က ကျိုင်းတုံမြို့၊ လွယ်မွေလမ်းရှိ နည်းပညာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ယာယီကျောင်းသားအဆောင်နှင့် စတိုဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်တာတော့ သေချာမသိလိုက်ရဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်က မီးညွှန့်ကကျိုးနေပြီ။ ကျောင်းဆောင်မှာ တာဝန်ရှိတွေနဲ့ရှုပ်နေတော့ မီးငြိမ်းပြီးပဲပြန်လာတာ။ ကျောင်းသားတွေနေတဲ့အဆောင်လောင်တာ။ နည်းပညာတက္ကသိုလ်ထဲက အဆောင်ပါ။ ယောင်္ကျားလေးအဆောင်။ ကျောင်းသားတွေက ကျောင်းတက်နေတဲ့အချိန်ဆိုတော့ အ ဆောင်ထဲမှာ ဘယ်သူမှမရှိဘူး။ လူထိခိုက်မှုတော့မရှိပါဘူး။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည့် ညနေ ၂ နာရီ၊ ၃၂ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ညနေ ၃ နာရီတွင် မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၂၂ ရက်၊ နေ့လည် ၁ နာရီကျော်ကလည်း ပြည်ဦးလွင်မြို့၊ ရပ်ကွက်(၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားတွင် စာပန်းအိမ် အမျိုးသားဘော်ဒါဆောင် ဝါယာရှော့ဖြစ်ရာမှတဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-တိုင်းနေနာရေးကူညီမှုအသင်း
#ယနေ့ခေတ်

ကျိုင်းတုံနည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်း မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.