ကျောင်းကုန်းတွင် ခရီးသည်တင်ယာဥ်တစ်စီးတိမ်း​မှောက် လူတစ်​ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ​ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ်(၇၇/၇)တွင် ဇွန် ၄ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်က ခရီးသည်တင်ယဉ်တစ်စီး တိမ်း​မှောက်မှု​ကြောင့် လူတစ်ဦးသေဆုံးပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

မိုင်တိုင်အမှတ်(၇၇/၇)တွင် ကျုံပျော်မှ ရန်ကုန်သို့မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့တိမ်း​မှောက်ပြီး သစ်ပင်အားဝင်ရောက်တိုက်မိခဲ့​ကြောင်း သိရသည်။

“ ခရီးသည်တင် မှန်လုံယာဥ်က အရှိန်မထိန်းနိုင်တာ​ကြောင့် တိမ်း​မှောက်သွားတာပါ။ ယာဥ်​ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက်မှာ တစ်ဦးက ​နေရာမှာပဲ​သေဆုံးသွားပါတယ်။ ကျန် ၁၁ ဦးက ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ လက်ရှိ​တော့ ​ကျောင်းကုန်းပြည်သူ့​ဆေးရုံကြီးကို ပို့​ဆောင်​ပေးထားပါတယ်။” ဟု ကျောင်းကုန်းလူငယ်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​​ခေတ်သို့ ​ပြောသည်။

အဆိုပါယာဉ်တိမ်း​မှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး ​နေရာတွင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးအနက် စိုးရိမ်ဖွယ်လူနာသုံးဦးရှိ​​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – MSFD

#ယနေ့ခေတ်

ကျောင်းကုန်းတွင် ခရီးသည်တင်ယာဥ်တစ်စီးတိမ်း​မှောက် လူတစ်​ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.