ကြို့ပင်ကောက်မြို့တွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်း

ရန်ကုန်၊ ဩဂုတ် ၃၀

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် နွားတင်းကုတ်မှတဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ နွားတစ်ကောင်သေဆုံးကြောင်း သိရသည်။

ဩဂုတ်လ ၃၀ ရက်၊ နံနက် ၂ နာရီခန့်က ကြို့ပင်ကောက်မြို့၊ ကျွန်းကုန်းကြီးကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာတွင် နွားတင်းကုတ်ရှိမီးဖိုမှတဆင့် လူနေအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ နွားတစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

“နွားတင်းကုတ်ထဲမှာထားတဲ့မီးဖိုကနေ မီးပွားစင်ပြီး မီးလောင်တာပါ။ နွားတင်းကုတ်နဲ့ တိုက်အိမ်တစ်လုံး မီးလောင်သွားတယ်။ လူထိခိုက်မှုတွေတော့မရှိပါဘူး။ နွားတစ်ကောင်တော့ သေသွားတယ်။” ဟု ကြို့ပင်ကောက် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည် နံနက် ၂ နာရီ၊ ၅၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၃ နာရီ ၁၃ မိနစ် တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့က ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၅ ရက်၊ နံနက် ၄ နာရီကျော်ကလည်း၊ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးပွားထွက်ရာမှတဆင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၂ နာရီကျော်ကလည်း တောင်ငူမြို့ (၁၉) ရပ်ကွက်၊ မြင်းဖြူအင်နား ကရင်စျေးအနီးတွင် ခြင်းဆေးထွန်းရာမှတဆင့် နေအိမ်ငါးလုံးမီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ- MFSD
ယနေ့ခေတ်

ကြို့ပင်ကောက်မြို့တွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.