ချားလ်စ်ဘုရင်၏ညီ အင်ဒရူးကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

လန်ဒန်၊ ဖေဖော်ဝါရီ ၁၉

ဗြိတိန်ရဲတပ်ဖွဲ့သည် ချားလ်စ်ဘုရင်၏ညီငယ် အင်ဒရူး မောင့်ဘက်တန် ဝင်းဆာကို ဂျက်ဖရီ အပ်စတိန်းနှင့် ဆက်နွယ်မှုဖြင့် အစိုးရရာထူးကျင့်ဝတ်နှင့်မညီဟုသံသယနှင့် ဖမ်းဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉၊ ကြာသပတေးနေ့တွင် BBC ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။

အမှတ်အသားတံဆိပ် တပ်မထားသော ရဲကားခြောက်စီးနှင့် အရပ်ဝတ်ရဲအရာရှိရှစ်ဦးခန့်သည် အင်္ဂလန်အရှေ့ပိုင်း၊ ဆန်ဒရင်ဟမ်အိမ်ယာရှိ Wood Farm သို့ ရောက်ရှိလာကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရ၏ မကြာသေးမီကထုတ်ပြန်ခဲ့သော မှတ်တမ်းများအရ မောင့်ဘက်တန်-ဝင်းဆာသည် ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သားထံ အစိုးရ၏လျှို့ဝှက်စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်ဟူသော စွပ်စွဲချက်များကို Thames Valley ရဲတပ်ဖွဲ့အရာရှိများက ယခုလအစောပိုင်းတွင် စဉ်းစားနေကြောင်း ပြောကြားသည်။

ကွယ်လွန်သူဘုရင်မ အယ်လီဇဘက်၏ ဒုတိယမြောက်သား မောင့်ဘက်တန်-ဝင်းဆာသည် အပ်စတိန်းနှင့်ပတ်သက်၍ မည်သည့်အမှားအယွင်းမျှမရှိကြောင်း အမြဲတမ်းငြင်းဆိုခဲ့ပြီး ၎င်းတို့၏မိတ်ဆွေဖြစ်မှုအတွက် နောင်တရကြောင်း ပြောကြားခဲ့သော်လည်း နောက်ဆုံးစာရွက်စာတမ်းများ ထုတ်ပြန်ပြီးနောက် မှတ်ချက်ပေးရန်တောင်းဆိုမှုများကို တုံ့ပြန်ခြင်းမ ပြုခဲ့ကြောင်း သိရသည်။

Thames Valley ရဲတပ်ဖွဲ့မှ ချက်ချင်းမှတ်ချက်ပေးခြင်း မရှိပါ။

Ref; channelnewsasia.com
#ယနေ့ခေတ်

ချားလ်စ်ဘုရင်၏ညီ အင်ဒရူးကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.