ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံတစ်ခု ဝါယာရှော့ဖြစ်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ Level (2) အဆင့်သို့ရောက်ရှိနေကြောင်း သိရ သည်။
ဖေဖော်ဝါရီ ၁၈ ရက်၊ နေ့လည် ၁၂ ကျော်က ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံတစ်ခု ဝါယာရှော့ဖြစ်ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ Level (2) အဆင့်သို့ရောက်ရှိနေပြီး ယခုသတင်းရေးချိန်ထိ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်း ကနဦးသတင်းအရ သိရသည်။
“စက်ရုံထဲမှာ အထည်ပိတ်လိတ်တွေ လှိုက်ပြီးလောင်နေတာ။ ဂိုထောင်ထဲမှာ မီးခိုးတွေကအရမ်းထွက်တော့ မီးသတ်တပ်ဖွဲ့ကတော့ ခေါင်မိုးဖောက်နေတယ်။ စက်ရုံတွေကတော့ များသောအားဖြင့် လျှပ်စစ်ဝါယာရှော့ဖြစ်တာများတယ်။ စက်ရုံတစ်ခုလုံးတော့ကုန်တယ်။ Level (2) အဆင့်တော့ရောက်ပြီ။ အခုထိတော့ မီးမငြိမ်းသေးဘူး။ ရေလည်းပြတ်သွားလို့ ဆုံးရှုံးမှုကတော့ စက်ရုံတစ်ရုံလုံးပဲ။” ဟု အင်းစိန်ကြက်ခြေနီအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည့် နေ့လည် ၁၂ နာရီ၊ မိနစ် ၂၀ တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နေ့လည် ၁ နာရီ၊ ၃၈ မိနစ်တွင် မီးထိန်းနိုင်ပြီဖြစ်သော်လည်း ယခုသတင်းရေးချိန်ထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်နေကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်
ဝါးတရာစက်မှုဇုန်မှ အထည်ချုပ်စက်ရုံ မီးလောင်မှု Level (2) အဆင်သို့ရောက်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်