ညောင်ချောင်းသာအနီးတွင် ကမ်းပါးပြိုပြီး လူ​နေအိမ် ၅၀ ​ကျော်ခန့် ပျက်စီးဆုံးရှုံး

ညောင်တုန်း၊ ​မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ညောင်ချောင်းသာအနီးတွင် မေ ၂၄ ရက်၊ ည ၁၁ နာရီ ၅၀ မိနစ်က ကမ်းပါးပြိုပြီး လူ​နေအိမ် ၅၀ ​ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရ​ကြောင်း သိရသည်။

​ညောင်​ချောင်းသာအနီး၌ ကမ်းပြိုကျမူကြောင့် လူ​နေအိမ် ၁၈ လုံး ရေနစ်​မြောပျက်စီးပြီး အခြားလူ​နေအိမ် ၃၅ လုံး ကမ်းပါးပြိုကျခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့​ကြောင်း ​ညောင်တုန်းလူမူကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။

“ညတွင်းချင်းမှာ ​​ရေနစ်​မြောပျက်စီးတဲ့​နေအိမ်နဲ့ ကမ်းပါးပြိုကျပြီး ပျက်စီး​ဆုံးရှူံးခဲ့ရတဲ့ ပြည်သူ​တွေကို ​ရေ​ဘေးလွတ်ရာကို အချိန်မီကယ်တင်​ပေးနိုင်ခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ​ရေကြီး​ရေလျှံမှု​ကြောင့် ကမ်းပါး​ဘေး​နေအိမ်​တွေပျက်စီးခဲ့ရတာပါ” ဟု ​ညောင်တုန်းလူမှုကူညီ​ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​​​နေ့​ခေတ်သို့ ​ပြောသည်။

ညောင်​ချောင်းသာကမ်းပါးအနီးတွင်​နေထိုင်သူ အိမ်​ထောင်စု ၇၀ ​ကျော်ခန့်ရှိပြီး သက်ကြီးရွယ်အိုများနှင့် က​လေးသူငယ်များအပါအဝင် ​ရေ​ဘေးလွတ်ရာသို့ ​​​ရွှေ့ပြောင်း​နေထိုင်​ရေးအတွက် ကူညီ​ဆောင်ရွက်​ပေးခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါကမ်းပါးပြိုကျမူကြောင့် ​ရေ​ဘေးလွတ်ရာသို့ ​​ရွှေ့​ပြောင်း​နေထိုင်သူများတွင် ​စောင်၊ ခြင်၊ ​ခေါင်းအုံးများ အ​ရေး​ပေါ်လိုအပ်​နေ​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – ​ညောင်တုန်းလူမှုကူညီ​ရေးအသင်း

#ယနေ့ခေတ်

ညောင်ချောင်းသာအနီးတွင် ကမ်းပါးပြိုပြီး လူ​နေအိမ် ၅၀ ​ကျော်ခန့် ပျက်စီးဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.