ထိုင်ဝမ်၊ ဩဂုတ် ၁၃
တိုင်ဖွန်း Podul သည် ထိုင်ဝမ်အရှေ့တောင်ပိုင်းသို့ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ကျွန်းပေါ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် Taitung ပြည်နယ်၌ ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်း ၁၉၁ ကီလိုမီတာရှိကြောင်း ဗဟိုမိုးလေဝသ စီမံခန့်ခွဲရေးဌာနမှ ပြောကြားသည်။
Podul တိုင်ဖွန်းမုန်တိုင်းသည် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ကျွန်းကိုဖြတ်၍ ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု မျှော်လင့်ရပြီး အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှာ ပြီးခဲ့သည့်လက မုန်တိုင်းများမှ ပြန်လည်အားယူနေရဆဲဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်းလမ်းကြောင်းတွင် နေထိုင်သူ ၅,၅၀၀ ကျော်ကို ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး တံငါသည်များက ၎င်းတို့၏လှေများကို လုံခြုံရာသို့ရွေ့ပြောင်းခဲ့သည်။
“ ဒီတိုင်ဖွန်းမုန်တိုင်းကို ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု တံငါသည် ဟောင်ဝေက Podul ကုန်းတွင်းမဝင်မီ နာရီများစွာအလိုတွင် အခြားသင်္ဘောများကိုစစ်ဆေးစဉ် AFP သို့ ပြောကြားသည်။
“ မနေ့က တိုင်ဖွန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသားပါ၊ ဒါပေမယ့် ဒီနေ့မနက် အိပ်ရာကနိုးလာတော့ တိုင်ဖွန်းက နောက်ဆုံးအကြိမ်အဖြစ် ပိုအားကောင်းလာတယ်ဆိုတဲ့သတင်းတွေကို တွေ့လိုက်ရတယ်။” ဟု ဟောင်က ပြောသည်။
တိုင်ဖွန်း Podul သည် Kaohsiung မြို့နှင့် အိမ်နီးချင်း Pingtung ပြည်နယ်၊ လူနေနည်းသော Hualien နှင့် Taitung ခရိုင်များတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု ဗဟိုမိုးလေဝသစီမံခန့်ခွဲရေးဌာနမှ ပြောကြားခဲ့သည်။
Taitung အပန်းဖြေစခန်းမှအလုပ်သမား လိုဝမ်ချွန်က ၁၉၀၁ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး လေပြင်းတိုက်ခတ်မှုအဖြစ် ခရိုင်ကမှတ်တမ်းတင်ထားသည့် ၂၀၁၆ ခုနှစ်က မုန်တိုင်း Nepartak ကဲ့သို့ အားပြင်းလာမည်ကို ဒေသခံများကစိုးရိမ်ကြောင်း AFP သို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။
“မနက် ၈ နာရီနောက်ပိုင်းမှာ မုန်တိုင်းက ပိုပြင်းထန်လာတယ်” ဟု Podul မဝင်ရောက်မီတွင် သူမကပြောကြားသည်။ “အခုထိ အားကောင်းနေတုန်းပဲ၊ လေပြင်းတိုက်နေတယ်လို့ ကြားတယ်။ “ ဧည့်သည်တွေကိုအပြင်မထွက်ဖို့ အကြံပေးထားတယ်။” ဟု ဆိုသည်။
Credit: CNA
#ယနေ့ခေတ်
တိုင်ဖွန်း Podul ထိုင်ဝမ်သို့ ဝင်ရောက်တိုက်ခတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်