တောင်ငူမြို့တွင် နေအိမ်နှစ်လုံးမီးလောင်ကျွမ်း

ရန်ကုန်၊ မတ် ၁

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် နေအိမ်နှစ်လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မတ်လ ၁ ရက်၊ နေ့လည် ၂ နာရီခန့်က တောင်ငူမြို့၊ မိုးကောင်းအုပ်စု၊ ကချောင်းကျေးရွာတွင် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်ရခြင်း၏အကြောင်းအ ရင်းကို သက်ဆိုင်ရာမှစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“မီးလောင်တာတော့ တိတိကျကျမသိရသေးဘူး။ ဝါယာရှော့ဖြစ်ပြီးလောင်တာလည်းဖြစ်နိုင်သလို။ ပေါ့ဆမီးလည်းဖြစ်နိုင်တယ်ပေါ့နော်။ ဆုံးရှုံးမှုကတော့ နေအိမ်နှစ်လုံးအကုန်ပြာကျသွားတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည့် နေ့လည် ၂ နာရီ၊ မိနစ် ၃၀ တွင် စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ပဲခူတိုင်း၊ တောင်ငူမြို့တွင် ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ- မြန်မာနိုင်ငံလူမှူ့ကယ်ဆယ်ရေးအဖွဲ့ S.T.T RESCUE(တောင်ငူ)
#ယနေ့ခေတ်

တောင်ငူမြို့တွင် နေအိမ်နှစ်လုံးမီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.