ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
‘ထိုက်သူပန်’ Express ယာဉ်လိုင်းသည် မန္တလေး-နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို သုံးရက်တာ အခမဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
‘ထိုက်သူပန်’ ယာဉ်လိုင်းဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက်၊ ဖေဖော်ဝါရီ ၁၂ ရက်နှင့် ဖေဖော်ဝါရီ ၁၃ ရက်အထိ (၃)ရက်တိုင် ယာဥ်စီးခအခမဲ့ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်ရက်လျှင် ခရီးသည်တင်ယာဉ်ငါးစီးနှုန်းဖြင့် လူဦးရေကန့်သက်ကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“မနက်ဖြန်ဆိုရင် ငါးစီးထွက်မှာပါ။ တစ်ရက်ကိုတော့ ငါးစီးစီထွက်မှာပါဗျ။ နောက်ပိုင်းမှာလည်း ယာဉ်စီးခကို စျေးနှုန်းသက်သက်သာသာနဲ့ လုပ်ပေးပါမယ်ဗျ။” ဟု ‘ထိုက်သူပန်’ အဝေးပြေးယာဉ်လိုင်းမှ ဦးစိုးလှမြင့်က ယနေ့ခေတ်သို့ ပြောသည်။
ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေ ၅ နာရီတွင် နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို လူဦးရေ ၁၀၀၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို လူဦးရေ ၅၀ အထိ သတ်မှတ်ထားကာ၊ ည ၇ နာရီတွင် လူဦးရေ ၄၀ သတ်မှတ်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်၊ ညနေ ၅ နာရီတွင်ထွက်ခွာမည့် နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို လူဦးရေ ၅၀၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို လူဦးရေ ၅၀၊ ညနေ ၇ နာရီတွင်ထွက်ခွာမည့် မန္တလေး-ရန်ကုန်ခရီးစဉ်ကို လူဦးရေ ၄၀၊ နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို လူဦးရေ ၅၀၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို လူဦးရေ ၅၀ သတ်မှတ်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေ ၅ နာရီတွင်ထွက်ခွာမည့် နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို လူဦးရေ ၅၀၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို လူဦးရေ ၅၀ ၊ ည ၇ နာရီတွင်ထွက်ခွာမည့် ရန်ကုန်-မန္တလေးခရီးစဉ်ကို လူဦးရေ ၄၀၊ မန္တလေး-ရန်ကုန်ခရီးစဉ်ကို လူဦးရေ ၄၀ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ‘ထိုက်သူပန်’ အဝေးပြေးယာဉ်လိုင်း ဖွင့်ပွဲအခန်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် နေပြည်တော်၊ ဘောဂသီရိကားဝင်းနှင့် ရန်ကုန်၊ အောင်မင်္ဂလာကားဝင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ထိုက်သူပန်
#ယနေ့ခေတ်
‘ထိုက်သူပန်’ အဝေးပြေးယာဉ်လိုင်း ရန်ကုန်-မန္တလေး-နေပြည်တော်ခရီးစဉ်ကို သုံးရက်တာ အခမဲ့ပြေးဆွဲမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်