ထိုင်ဝမ်သမ္မတက ကျွန်း၏ကာကွယ်ရေးကို အားကောင်းစေမည်ဟု တရုတ်နှစ်သစ်ကူး သဝဏ်လွှာတွင် ကတိပြု

ထိုင်ပေ၊ ဖေဖော်ဝါရီ ၁၅

ထိုင်ဝမ်သည် လာမည့်နှစ်တွင် ကာကွယ်ရေးလုပ်ငန်းများကို အားကောင်းစေပြီး ကျွန်း၏လုံခြုံရေးကို ကာကွယ်မည်ဟု သမ္မတလိုင်ချင်းတေးက ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော တရုတ်နှစ်သစ်ကူးသဝဏ်လွှာတွင် ပြောကြားခဲ့သည်။

လိုင်သည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ကိုယ်ပိုင်နယ်မြေအဖြစ်ရှုမြင်သော တရုတ်နိုင်ငံကို တန်ပြန်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ အပိုကာကွယ်ရေးအသုံးစရိတ်ကို ပြီးခဲ့သည့်နှစ်က အဆိုပြုခဲ့သည်။ သို့သော် လွှတ်တော်တွင်အများစုရှိသော အတိုက်အခံက အဆိုပြုချက်ကို ပြန်လည်သုံးသပ်ရန် ငြင်းဆိုခဲ့ပြီး ယင်းအစား လိုင်လိုချင်သော အမေရိကန်လက်နက်အချို့ ဝယ်ယူရန်အတွက်သာ ရန်ပုံငွေထောက်ပံ့ပေးသည့် အဆိုပြုချက်များကို တင်ပြခဲ့သည်။

ယခုလအစောပိုင်းတွင် ထိုင်ဝမ်အလယ်ပိုင်းတောင်တန်းရှိ အရေးကြီးဆုံးစစ်ရေးရေဒါစခန်းများထဲမှတစ်ခုတွင် မှတ်တမ်းတင်ထားသော ၎င်း၏မိန့်ခွန်းတွင် ထိုင်ဝမ်ကို ၂၄ နာရီကာကွယ်ပေးသည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့ များကို ကျေးဇူးတင်ကြောင်း ပြောကြားလိုသည်ဟု ဆိုသည်။

“ ကျွန်ုပ်တို့သည် အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသားကာကွယ်ရေးနှင့် အများပြည်သူလုံခြုံရေးလုပ်ငန်းများကို ဆက်လက်အားကောင်းစေမည်” ဟု ၎င်း၏လူမှုမီဒီယာများတွင် ဖော်ပြထားသော သဝဏ်လွှာတွင် ပြောကြားခဲ့သည်။

အဆိုပါဗီဒီယိုတွင် ထိုင်ဝမ်၏ ပထမဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို ပြသထားပြီး ရေအောက်စမ်းသပ်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှု တောင်းဆိုချက်များကို ငြင်းပယ်သောကြောင့် ဘေဂျင်းက ခွဲထွက်ရေးသမားအဖြစ် ရှုတ်ချခံထားရသောလိုင်သည် ဒီဇင်ဘာလနှောင်းပိုင်းတွင် ကျွန်းတစ်ဝိုက်တွင် ၎င်း၏ နောက်ဆုံးအကြိမ် အဓိကစစ်ပွဲလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သော တရုတ်နိုင်ငံအား နှုတ်ခွန်းဆက်စကား မပြောကြားခဲ့ပါ။

တရုတ်နိုင်ငံသည် တိုင်ဝမ်ကိုထိန်းချုပ်ရန် အင်အားသုံးမည်ဆိုသောအချက်ကို မည်သည့်အခါမှ မငြင်းပယ်ခဲ့ပါ။

Ref: channelnewsasia.com
#ယနေ့ခေတ်

ထိုင်ဝမ်သမ္မတက ကျွန်း၏ကာကွယ်ရေးကို အားကောင်းစေမည်ဟု တရုတ်နှစ်သစ်ကူး သဝဏ်လွှာတွင် ကတိပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.