ထိုင်းတရားရုံးက ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်တရာကို ရာထူးမှဆိုင်းငံ့

ဘန်ကောက်၊ ဇူလိုင် ၁

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးသည် ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့တွင် ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်တရာကို ရာထူးမှဆိုင်းငံ့ထားပြီးနောက် အစိုးရအပေါ် ဘက်ပေါင်းစုံမှဖိအားများ တိုးမြင့်လာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ သြဇာတိက္ကမခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် နိုင်ငံရေးအရ ထိလွယ်ရှလွယ်သည့် တယ်လီဖုန်းပြောဆိုမှု ပေါက်ကြားခြင်းနှင့်ပတ်သက်၍ ပေတုံတန်အား မရိုးသားမှုနှင့် ကျင့်ဝတ်စံနှုန်းများကို ဖောက်ဖျက်သည်ဟု အထက်လွှတ်တော်အမတ် ၃၆ ဦးက တရားရုံးသို့ ပန်ကြားလွှာတင်သွင်းခဲ့သည်။

“တရားရုံးက ပန်ကြားလွှာကို ယခုအမှုတွင် ထည့်သွင်းစဉ်းစားရန် တညီတညွတ်တည်းလက်ခံသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပေတုံတန်အား ၁၅ ရက်အတွင်း ခြေပခွင့်ပြုထားသည့် တရားရုံး၏ဆုံးဖြတ်ချက်မတိုင်မီ ဒုဝန်ကြီးချုပ် Suriya Juangroongruangkit သည် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး အပြောင်းအလဲအပြီးတွင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။

“အစိုးရလုပ်ငန်းက ရပ်မသွားဘူး၊ ပြဿနာမရှိပါဘူး” ဟု ခရီးသွားဝန်ကြီးနှင့် ဖြူထိုင်းပါတီ အထွေထွေအတွင်းရေးမှူး Sorawong Thienthong က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ဆူရီယာသည် ယာယီဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ပြီး၊ သူမအားဆိုင်းငံ့ထားရန် တရားရုံး၏ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ပေတုံတန်က အင်္ဂါနေ့တွင်ပြောကြားသည်။

“ကျွန်မရဲ့နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အမြဲတမ်းရည်ရွယ်ချက်ရှိပါတယ်” ဟု သူမက ပြောကြားသည်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ပျက်နေတဲ့ ထိုင်းပြည်သူတွေကို တောင်းပန်ချင်ပါတယ်။” “ထိုင်းနိုင်ငံသားတွေအတွက်နဲ့ တိုင်းပြည်အတွက် ကျွန်မဆက်ပြီးအလုပ်လုပ်သွားမှာပါ” ဟု သတင်းထောက်များအား ပြောကြားသည်။

ဝါရင့်ကမ္ဘောဒီးယားနိုင်ငံရေးသမားနှင့် ဖုန်းခေါ်ဆိုမှုပေါက်ကြားသောကြောင့် ပေတုန်တန်၏ညွန့်ပေါင်းအဖွဲ့အား စွန့်လွှတ်ခဲ့သည့် အဓိကအတိုက်အခံပါတီသည် ပေတုံတန်ကို ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ရန် အယုံအကြည်မရှိအဆိုဖြင့် မဲခွဲဆုံးဖြတ်ခြင်းကို မကြာမီကြိုးပမ်းမည်ဟု မျှော်လင့်ရသည်။

ကမ္ဘောဒီးယားနှင့် နယ်နိမိတ်တင်းမာမှုများတိုးလာနေခြင်းကို တားဆီးရန်ရည်ရွယ်သည့် ဇွန်လ ၁၅ ရက်က ဖုန်းခေါ်ဆိုမှုအတွင်း အသက် ၃၈ နှစ်ရှိ ပေတုံတန်သည် စစ်တပ်၏သြဇာအာဏာကြီးမားသော ထိုင်းစစ်တပ်၏ တပ်မှူးကို ဟွန်ဆန်ရှေ့တွင် ဝေဖန်ခဲ့သည်။

နောက်ပိုင်းတွင် သူမသည်တောင်းပန်ခဲ့ပြီး သူမ၏မှတ်ချက်များသည် စေ့စပ်ညှိနှိုင်းရေးနည်းဗျူဟာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: CNA

#ယနေ့ခေတ်

ထိုင်းတရားရုံးက ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်တရာကို ရာထူးမှဆိုင်းငံ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.