ဘန်ကောက်၊ ဩဂုတ် ၅
ထိုင်းရဲတပ်ဖွဲ့သည် ဩဂုတ် ၅ ရက်၊ အင်္ဂါနေ့ နံနက်ပိုင်းက နိုင်ငံတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၂၀၀ ကို ဝင်ရောက်စီးနင်းကာ ဗုဒ္ဓဘာသာရဟန်းဘောင်အတွင်း အယောင် ဆောင်ပုန်းအောင်းနေသည်ဟုယူဆရသည့် ရာဇ၀တ်မှု ၁၈၁ မှုကို ဖမ်းဆီးခဲ့သည်။
အလွဲသုံးစားမှု၊ ငွေကြေးခဝါချမှု၊ အရက်မူးပြီး ကားမောင်းမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများတွင် သံသယရှိသူများသည် ဘုန်းကြီးကျောင်းများတွင် အယောင်ဆောင်သင်္ကန်းဝတ်ကာ ပုန်းအောင်းနေသည်ဟု သတင်းအရ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုမှအရာရှိများက ဦးဆောင်စီးနင်းခဲ့ကြောင်း သိရ သည်။
ရဲတပ်ဖွဲ့က သံသယရှိသူ ၁၈၁ ဦးကိုရှာဖွေနေပြီး၊ ၎င်းတို့အနက် ၁၅၄ ဦးမှာ ဘုန်းကြီးအဖြစ် အယောင်ဆောင်ခဲ့သည်။ အဆိုပါအမှုတွင် ဆရာတော်တစ်ပါးပါဝင်ပြီး။ သံသယရှိသူ နှစ်ဆယ့်ခုနစ်ပါးသည် ရဟန်းဘောင်မှ ထွက်သွားပြီးဖြစ်သည်။
အင်္ဂါနေ့မနက်က ဖမ်းဆီးခဲ့သည့် သံသယရှိသူများမှတစ်ဦးမှာ အသက် ၄၅ နှစ်အရွယ် ဆူရတ် လန်တီယာဖြစ်ပြီး၊ ဘုန်းတော်ကြီး ဖရာ ဆူရတ်ဟု လူသိများသည်။ ၎င်းသည် မူးယစ်ဆေးဝါးဂိုဏ်းအတွက် ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။
မစ္စတာ ဆူရတ်သည် ဆွမ်းခံနေစဉ် အဖမ်းခံရပြီးနောက်ပိုင်း ဝက်ဝမ်ဘွန်းတွင် ရဟန်းဘောင်မှ နှင်ထုတ်ခံခဲ့ရသည်။
မစ္စတာ ဆူရတ်သည် မြောက်ပိုင်းမှ တိုင်းရင်းသားမျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်ဆယ်နှစ်ခန့်က ဘန်ကောက်မြို့မြောက်ဘက် ပသွမ်သာနီရှိ ဘုရားကျောင်း၌ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်းတစ်ခုက ၎င်း၏ဘဏ်အကောင့်ကို ငွေလက်ခံရယူရန် အသုံးပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက သိရှိခဲ့ရသည်။
မစ္စတာ ဆူရတ်က သူ့မှာအပြစ်မရှိဘူးဟု အခိုင်အမာပြောကြားပြီး တခြားတိုင်းရင်းသားတစ်ဦးက ၎င်း၏ဘဏ်အကောင့်ကို ခေတ္တငှားယူကာ အလွဲသုံးစားလုပ်ခဲ့သည်ကို မသိရှိခဲ့ကြောင်း ပြောသည်။
Credit: bangkokpost.com
#ယနေ့ခေတ်
ထိုင်းရဲတပ်ဖွဲ့က ဘုန်းကြီးကျောင်း ၂၀၀ ကို ဝင်ရောက်စီးနင်းပြီး ရာဇဝတ်မှုဖြင့် သံသယရှိသူများကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်