ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်တွင် ဝိုင်ဘီအက်စ်က ကားနှစ်စီးနှင့် ဘေးတွဲဆိုင်ကယ်အားဝင်တိုက် အမျိုးသားတစ်ဦး ​​သေဆုံး

ရန်ကုန်၊ ဇွန် ၂၅

ရန်ကုန်တိုင်း​​ဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်း၊ အထက(၃) ကျောင်းအနီးတွင် ဇွန် ၂၅ ရက်၊ နံနက် ၈ နာရီက ဝိုင်ဘီအက်စ်(၃၄)သည် အရှိန်ထိန်းနိုင်ဘဲ ကားနှစ်စီးနှင့် ​ဘေးတွဲဆိုင်ကယ်အား ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး​သေဆုံးခဲ့​ကြောင်း သိရသည်။

ဝိုင်ဘီအက်စ်(၃၄)သည် ​အရှိန်မထိန်းနိုင်ဘဲ အိမ်စီးကားတစ်စီး၊ တက္ကစီကားတစ်စီးနှင့် ​ဘေးတွဲဆိုင်ကယ်တို့အား ဆင့်တိုက်မိပြီး ​ဘေးတွဲဆိုင်ကယ်​မောင်းသူ ​နေရာ၌​သေဆုံးခဲ့​ကြောင်း သိရသည်။

“ ကျောင်းသူ/​ကျောင်းသား​တွေကို ပို့​​ပေး​နေတဲ့ ဘေးတွဲဆိုင်ကယ်သမား ​နေရာမှာပဲ သေဆုံးသွားပါတယ်။ ကားသုံး စီးဆင့်တိုက်မိတာ​ကြောင့် ​ဘေးတွဲဆိုင်ကယ်​မောင်းသူ ​နေရာမှာပဲ​သေဆုံးသွားတာပါ။ ကားတိုက်မှုက အရှိန်ပြင်းပါတယ်။ က​လေး​တွေ ​ကျောင်းတက်​နေချိန်မှာ ​ကျောင်းပတ်ဝန်းကျင်အနီးမှာ အခုလိုဖြစ်တာ ​က​လေး​တွေအတွက် ပို​တောင်စိတ်ပူမိပါတယ်” ​ ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ က​နောင်မင်းသားကြီးလမ်း​နေ ​ကျောင်းသားမိခင်တစ် ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ကနောင်မင်းသားကြီးလမ်း၊ အထက(၃)ကျောင်းအနီးတွင် ဝိုင်ဘီအက်စ်(၃၄)က ဆန့်ကျင်ဘက်ယာဉ်ကြောပေါ်ရှိ ကားနှစ်စီးနှင့် ​ဘေးတွဲဆိုင်ကယ်တို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့​ခြင်းဖြစ်သည်။ အဆိုပါ က​နောင်မင်းသား ကြီးလမ်းတွင် ယာဉ်တိုက်မှုများ မကြာခဏ​ဖြစ်​ပေါ်လျက်ရှိ​နေ​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်တွင် ဝိုင်ဘီအက်စ်က ကားနှစ်စီးနှင့် ဘေးတွဲဆိုင်ကယ်အားဝင်တိုက် အမျိုးသားတစ်ဦး ​​သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.