ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် Light truck ယာဉ်မှ YBS ယာဉ်ကို အနောက်မှဝင်တိုက်မိခြင်းကြောင့် အမျိုးသားသုံးဦးသေဆုံးခဲ့ပြီး၊ တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက်၊ ၂ နာရီကျော်က၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ရတနာလမ်းပေါ်တွင် Light truck ယာဉ်က YBS ယာဉ်ကို အနောက်မှဝင်တိုက်မိခြင်းကြောင်း Light truck ယာဉ်ပေါ်ပါရှိသည့် အမျိုးသားသုံးဦးမှ နှစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၁၀ ပေ Light truck ကားက လိုင်းကားဖင်ကို အနောက်ကနေဝင်တိုက်တာ။ ကားက ခေါင်းမပါတဲ့ကားဆိုတော့ တိုက်တာနဲ့ ညှပ်နေတာ။ ခေါင်းခန်းမှာက အမျိုးသားသုံးယောက်လုံးထိုင်တာ။ သုံးယောက်လုံးညှပ်နေတာ။ ဘယ်ဘက်ကတစ်ယောက်နဲ့ ညာဘက်ကယာဉ်မောင်းတစ်ယောက်ကတော့ အသက်တော့ရှင်တယ်။ အလယ်ကတစ်ယောက်ကတော့ သေနေတာတွေ့တယ်။ လမ်းကလာတဲ့ ကရိန်းကားက ကြိုးနဲ့ဆွဲထုတ်တဲ့အချိန်မှာ ဘယ်ဘက်ကတစ်ယောက်ကတော့ အသက်ရှင်လျက်ထွက်လာတယ်။ အလယ်က သေနေတဲ့တစ်ယောက်က ထုတ်နေချိန်မှာ ညာဘက်ကတစ်ယောက်ကသေနေပြီ။ အသက်ရှင်ကျန်တဲ့သူကလည်း ဒဏ်ရာတွေက အနီရောင့်အဆင့်ရှိတယ်။ အရိုးတွေကပြုတ်ထွက်နေပြီဆိုတော့။” ဟု ပိတောက်ကွေ့ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသွားသည့် ရုပ်အလောင်းနှစ်လောင်းနှင့် ဒဏ်ရာရရှိသူကို ပိတောက်ကွေ ကူမှုညီရေးအသင်းနှင့် နယ်မြေခံပရဟိတအသင်းအဖွဲ့တို့က မြောက်ဥက္ကလာပြည် သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.