ရန်ကုန်၊ မတ် ၁၁
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ကျောက်မြတ်ရတနာရောင်းချသည့် စျေးဆိုင်ခန်းပေါင်း ၁၅ ဆိုင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မတ်လ ၁၀ ရက်၊ ညနေ ၆ နာရီကျော်က မဟာအောင်မြေမြို့နယ်၊ လမ်း ၃၉ နှင့် ၄၁ လမ်းကြားတွင် ကျောက်မြတ်ရတနာများရောင်းချသည့် ဆိုင်ခန်းပေါင်း ၁၅ ခန်း မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။ မီးလောင်ရခြင်း၏ အကြောင်းအရင်းကို သက်ဆိုင်ရာဌာမှ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“လောလောဆယ်ကတော့ စိစစ်နေတုန်းပါဗျ။ ကျောက်မြတ်ရတနာရောင်းတဲ့ဆိုင်ကတော့ စုစုပေါင်း ၁၅ ဆိုင်တော့ရှိပါတယ်။ ကျောက်ရတနာပစ္စည်းတွေ မပါသွားပါဘူး။ အတွင်း က စားပွဲခုံတွေလောက်ပဲပါသွားတယ်။ အဲ့ဆုံးရှုံးမှုရဲ့တန်ဖိုးကတော့ ၉၅ သိန်းပါ။ လူထိခိုက်မှုတော့မရှိပါဘူး။”ဟု နယ်မြေမီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည့် ညနေ ၆ နာရီ၊ မိနစ် ၃၀ တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ညနေ ၆ နာရီ၊ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၉ ရက်၊ ည ၉ နာရီကျော်ကလည်း၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့ နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်တွင် ဖယောင်းတိုင်နှင့် ဘုရားမီးပူဇော်ရာမှ နေအိမ်ခြောက်လုံးနှင့် ဆိုင်ကယ်နှစ်စီး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်
မဟာအောင်မြေတွင် ကျောက်မြတ်ရတနာအရောင်းဆိုင် ၁၅ ဆိုင် မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်