ဓနုဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းတိုက်မိကာ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ်လ ၁၉

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းတိုက်မိရာတွင် ယာဉ်မောင်းနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၉ ရက်၊ နံနက် ၉ နာရီခန့်က၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအနီးတွင် သူရထွန်း ခရီးသည်တင်ယာဉ်နှင့် ရတနာ ခရီးသည်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ယာဉ်မောင်းနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လူနာက ကားမောင်တဲ့နှစ်ယောက်လို့တော့ပြောတယ်။ ခြေထောက်ညှပ်တာပါ။ ခရီးသည်ကားက သူရထွန်းနဲ့ ရတနာပါ။ ကျွန်တော်တို့အသင်းက ကလေးတွေကတော့ လူနာတွေကိုသွားသယ်ပြီး ဆေးရုံကိုပို့ပေးတာပါ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းနှစ်ဦးကို လပြည့်ဝန်း လူမှု့ကူညီရေးအသင်းမှ ဓနုဖြူဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဇလွန်မြို့နယ်သွေးအလှူအဖွဲ့
ယနေ့ခေတ်

ဓနုဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းတိုက်မိကာ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.