နစကအစိုးရနှင့် နိုင်ငံတကာထိတွေ့ဆက်ဆံမှု ပိုမိုကျယ်ပြန့်လာစေရန် ထိုင်းနိုင်ငံကတွန်းအားပေးမည် ဟုဆို

ဘန်ကောက်၊ မေ ၂၃

လာမည့် သီတင်းပတ်တွင်ပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံအရပ်သားဦးဆောင်သောအစိုးရကို စစ်တပ်ကဖယ်ရှားပြီးနောက်ပိုင်း စစ်တပ်ဆန့်ကျင်သည့် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားကာ လူပေါင်း ၃.၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ တစ်ချိန်က အလားအလာရှိသော စျေးကွက်စီးပွားရေးမှာလည်း ပျက်ဆီးသွားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်းမှ ကြိုးစားထားသည့် ၂၀၂၁ ငြိမ်းချမ်းရေးအစီအစဥ်သည် မကြာသေးမီကအထိ တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်။ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြိုင်ဘက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ သီးခြားတွေ့ဆုံဆွေးနွေးမှုအပါ အဝင် တွေ့ဆုံဆွေးနွေးမှုအသစ်ပြုလုပ်ရန် တွန်းအားပေးခဲ့သည်။

လူပေါင်း ၃၈၀၀ ကျော်သေဆုံးခဲ့သည့် မတ်လကဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူသားချင်းစာနာမှုအကူအညီများ လွယ်ကူချောမွေ့စေရေးအတွက် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရေး မစ္စတာအန်ဝါ၏ ကြိုးပမ်းမှုများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က အင်တာဗျူးတစ်ခုတွင် ထောက်ခံခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးဟာ အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပေမယ့် တစ်ဖက်သတ်လုပ်လို့မရပါဘူး” ဟု Mr Maris က Reuters သို့ ပြောကြားခဲ့သည်။ “အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် စားပွဲဝိုင်းမှာ အမျိုးမျိုးသောပြဿနာတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့လိုအပ်ပြီး ဒီအရာတွေကို ဖိအားမပေးဘဲ တွန်းအားပေးဖို့လိုပါတယ်။” ဟု ၎င်းကဆိုသည်။

သို့သော် ပြီးခဲ့သည့်လက မစ္စတာအန်ဝါ၏ ဆွေးနွေးမှုအပြီးတွင် စစ်တပ်သည် ငလျင်လှုပ်ခတ်သည့်နေရာများအပါအဝင် နေရာများစွာကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။ သို့သော် ထိုသတင်းများကို မြန်မာဗိုလ်ချုပ်ကြီးများက ငြင်းဆိုထားသည်။

ယခုသီတင်းပတ်ကုန်မှစတင်ကာ ကွာလာလမ်ပူရှိ အစည်းအဝေးများတွင် ရှင်းလင်းပြတ်သားသော ငြိမ်းချမ်းရေးလုပ်ဆောင်မှုဆိုင်ရာ ခြေလှမ်းများကို ပုံဖော်ရန်လိုအပ်ကြောင်း မစ္စတာ Maris က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ပြည်တွင်းစစ်သည် နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီသော တရားမဝင်အွန်လိုင်းလောင်းကစားများနှင့် လူပေါင်းရာနှင့်ချီကာ ဖမ်းဆီးချုပ်နှောင်ထားသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပိုမိုဆိုးရွားစေသည်ဟု ကုလသမဂ္ဂက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပါအဝင် အဓိကအုပ်စုအားလုံးကို စားပွဲဝိုင်းသို့ခေါ်ဆောင်လာရမည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးအစပျိုးမှုကို အထောက်အကူဖြစ်စေမည့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း Mr Maris က ပြောကြားသည်။

“မြန်မာနိုင်ငံကပဋိပက္ခကို ပြေလည်အောင်မဖြေရှင်းနိုင်ရင် နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဖြေရှင်းလို့မရနိုင်ဘူး၊ ပြဿနာနှစ်ခုက ဆက်စပ်နေတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန်အတွက် နိုင်ငံတကာပလက်ဖောင်းများကို အသုံးပြုနေစဉ်တွင် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် မြန်မာနိုင်ငံအား ရေရှည်အကူအညီများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း Mr Maris က ပြောကြားသည်။

“ရေတိုလိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးရုံသာမက ရေရှည်အတွက်ပါ ဒါကိုကျွန်တော်တို့က ကြည့်ရှုနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ “ ကျွန်ုပ်တို့သည် အကျိုးမရှိသော အပျက်သဘောဆောင်သော တွေးခေါ် မှုများကို ပြောင်းလဲလိုပါသည်။” ဟု ၎င်းကဆိုသည်။

Ref: Bangkok Post

#ယနေ့ခေတ်

နစကအစိုးရနှင့် နိုင်ငံတကာထိတွေ့ဆက်ဆံမှု ပိုမိုကျယ်ပြန့်လာစေရန် ထိုင်းနိုင်ငံကတွန်းအားပေးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.