နတ်မောက်မြို့တွင် အိမ်စီးကားတစ်စီး ရေစီးနှင့်မျောပါကာ အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၆

မကွေးတိုင်း၊ နတ်မောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများတက်ကာ ကားတစ်စီး ရေစီးနှင့်အတူမျောပါပြီး အမျိုးတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက်၊ ည ၈ နာရီကျော်က နတ်မောက်မြို့၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာချောင်းအတွင်း အိမ်စီးကားတစ်စီး ချောင်းဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါကာ အသက် ၇၀ ကျော်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မိုးအရမ်းရွာလို့ ချောင်းရေကတက်တာ။ ကားကရေစီးနဲ့ပါသွားတာ။ ကားရော လူရောပြန်တွေ့ပါပြီ။ မိုးကတအားရွာတာ။ ကားကအတော်ပျက်စီးသွားတယ်။ ကားပေါ်ဘယ်နှစ်ယောက်ပါတယ်ဆိုတာတော့ သေချားမသိရဘူး။ မျောပါသွားတဲ့ အမျိုးသားကတော့ အလောင်းပဲရတယ်။ အမျိုးသားက အသက်က ၇၂ နှစ်ရှိပြီ။” ဟု နတ်မောက်မြို့ရှိ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသွားသည့်(ဦးဝင်းမော်)၏ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ နတ်မောက်မြို့ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရေစီးနဲ့မျောပါသွားသည့်ကားနှင့် ရုပ်အလောင်းကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံများက ယနေ့နံနက်တွင် ကူညီကယ်ဆယ်ရေးများ ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်၊ ညနေ ၅ နာရီကျော်ကလည်း ကျောက်ပန်းတောင်းမြို့၊ ဆည်ပေါက်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းမ ပေါ်ရှိ ဆည်ပေါက်ချောင်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေစီးနှင့်အတူ ကုန်တင်ကားတစ်စီးမျောပါကာ ချောင်းအောက်သို့ထိုးကျခဲ့သော်လည်း ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ၁၉ ဦး အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-MFSD

ယနေ့ခေတ်

နတ်မောက်မြို့တွင် အိမ်စီးကားတစ်စီး ရေစီးနှင့်မျောပါကာ အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.