ရန်ကုန်၊ ဇွန် ၅
ဇွန်လ ၄ ရက်၊ နေ့လည်ပိုင်းက မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်၊ မခန္တီးဆိပ်တွင် လူငယ်နှစ်ဦးရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသွားသည့် လူငယ်နှစ်ဦး၏ရုပ်အလောင်းများမှ တစ်လောင်းသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ တွေ့ခဲ့သည့်ရုပ်အလောင်းကို နေအိမ်ရှိရာ ရမ်ပူရပ်ကွက်သို့ ဒေသခံကူညီလူမှုကူရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ သတင်းရလို့သွားလိုက်တာ။ တစ်ဦးတော့တွေ့တယ်။ အသက်တွေက ၁၇၊ ၁၈ နှစ်တွေပါ။ မိသားစုတွေနဲ့အဆက်သွယ်ရပါတယ်။ ပထမတစ်လောင်းကတော့ မိသားစုဝင်တွေဆယ်ထားလို့။ အိမ်ကိုတစ်ခါထဲပို့ခဲ့တယ်။ တခြာတစ်လောင်းကတော့ မတွေ့ဘူး။ မိုးချုပ်တော့ပြန်ခဲ့တယ်။” ဟု ဒေသခံလူမှုကယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မေလ ၂၄ ရက်ကလည်း စဉ့်ကိုင်မြို့၊ ပေါ်တော်မူဘုရားအနီး၊ ဒုဌဝတီမြစ်တွင် အမျိုးသားနှစ်ဦးရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ မေလအတွင်း တိုင်းနှင့် ပြည်နယ်နေရာအချို့တွင် ရေနစ်သေဆုံးခဲ့သူ ၁၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအဖွဲ့(မြစ်ကြီးနား)
ယနေ့ခေတ်
မြစ်ကြီးနားတွင် လူငယ်နှစ်ဦးရေဆင်းချိုးရာမှ ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်