နမ္မတီးမြို့တွင် မိုးသည်းထန်စွားရွာသွန်းခြင်းနှင့်အတူ မိုးသီးများကျဆင်းပြီး နေအိမ်အချို့ပျက်စီး

ရန်ကုန်၊ မတ် ၁၆

ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် မိုးသည်းထန်စွားရွာသွန်းခြင်းနှင့်အတူ မိုးသီးများကျဆင်းပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်၊ ညနေ ၆ နာရီကျော်က နမ္မတီးမြို့တွင် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်းနှင့် မိုးသီးများကျဆင်းခဲ့ခြင်းကြောင်း နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

“မိုးက ညနေစောင်းမှာ မိုးမှောင်လာပြီး ၆ နာရီလောက်ကျတော့ တအားရွာချတာ။ ပုံမှန်ပဲရွာမယ်ထင်တာ။ လေတွေပါပါတယ်။ မိုးသီးကြီးတွေကလည်း တစ်ခါမှမမြင်ဖူးဘူး။ ကျလာတာ တော်တော်များတယ်။ အိမ်ခေါင်မိုးတွေဆို ပေါက်ပြဲသွားတာတွေများတယ်။ မိုးသီးကြီးတွေကကြီးတယ် ကွမ်းသီးလုံးလောက်ပါတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း ရန်ကုန်မြို့နေရာအချို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မိုးသီးများပါကျဆင်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက် ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန့်ကြားမှုဦးစီးဌာနက ယနေ့နံနက် ၇ နာရီတွင် ထုတ်ပြန်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံများ
ယနေ့ခေတ်

နမ္မတီးမြို့တွင် မိုးသည်းထန်စွားရွာသွန်းခြင်းနှင့်အတူ မိုးသီးများကျဆင်းပြီး နေအိမ်အချို့ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.