နယူးယောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား ရဲအရာရှိအပါအဝင် လေးဦးသေဆုံး

နယူးယောက်၊ ဇူလိုင် ၂၉

ချေမှုန်းရေးပုံစံ ရိုင်ဖယ်သေနတ်တစ်လက် ကိုင်ဆောင်ထားသည့် သေနတ်သမားသည် နယူးယောက်မြို့လယ်ရှိ မိုးမျှော်တိုက်ကိုဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် လူလေးဦးသေ ဆုံးခဲ့ပြီး၊ သေနတ်သမားသည် သူ့ကိုယ်သူအဆုံးစီရင်ခဲ့သည်။

လာစ်ဗီးဂတ်စ်မှ အသက် ၂၇ နှစ်အရွယ် Shane Tamura သည် တနင်္လာနေ့ ညနေပိုင်းတွင် Manhattan’s Park Avenue ရှိ ရုံးခန်းတစ်ခုထဲသို့ဝင်လာကာ ဧည့်ခန်းတွင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လုံခြုံရေးဆောင်ရွက်နေသူ အသက် ၃၆ နှစ်အရွယ် နယူးယောက်စီးတီးရဲအရာရှိ Didarul Islam အပါအဝင် လူလေးဦးသေဆုံးပြီး အခြားသေဆုံးသူသုံးဦးကိုမူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

သေနတ်သမားသည် လာ့စ်ဗီးဂတ်စ်မှ မောင်းနှင်လာပုံရပြီး ၎င်းသည်စိတ်ကျန်းမာရေးပြဿနာရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် အဆောက်အဦအတွင်းမှ သေနတ်သံများပဲ့တင်ထပ်နေခဲ့ပြီး အချို့ မှာ ရုံးခန်းအတွင်း ကုလားထိုင်များ၊ ဆိုဖာများနှင့် တံခါးများအ နောက်တွင် ပုန်းအောင်းနေကြသည်။  

အဆိုပါ မိုးမျှော်တိုက်သည် National Football League (NFL) နှင့် Blackstone နှင့် KPMG ကဲ့သို့သော ငွေကြေးဆိုင်ရာကုမ္ပဏီကြီးများနှင့် အခြားသောအဓိကကုမ္ပဏီကြီးများ၏ တည်နေရာဖြစ်သည်။

နယူးယောက်မြို့ ရဲမင်းကြီး Jessica Tisch က သံသယရှိသူသည် တစ်ဦးတည်းလုပ်ဆောင်ခဲ့ပုံရသည်ဟု ဆိုသည်။ ပဉ္စမမြောက်တစ်ဦး ပစ်ခတ်ခံရပြီး စိုးရိမ်ရသော်လည်း တည်ငြိမ်သည့်အခြေအနေတွင်ရှိကြောင်း ရဲမင်းကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

Credit: BBC

#ယနေ့ခေတ်

နယူးယောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား ရဲအရာရှိအပါအဝင် လေးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.