ပုသိမ်တွင် ​ယာဥ်တိုက်မှု​ကြောင့် ​ကျောင်းဆရာမတစ်ဦး ​သေဆုံး

ပုသိမ်၊ ​မေ ၂၃

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ငုဝါလမ်းတွင် ​မေ ၂၂ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်က ပန်းဝါအပ်ချည်ဆိုင်တွင် ​စျေးဝယ်​နေသူ ​ကျောင်း ဆရာမတစ်ဦး ယာဥ်တိုက်မှု​ကြောင့် ​သေဆုံးသွား​ကြောင်း သိရသည်။

​​ခြေခံပညာစာသင်​ကျောင်းတွင် ​ကျောင်းအပ်လက်ခံပြီးအပြန် ည​နေပိုင်း၌ ပန်းဝါအပ်ချည်ဆိုင်တွင် ​စျေးဝယ်​နေစဉ် အိမ်စီးမော်​တော်ယာဥ်တစ်စီးက အရှိန်လွန်ပြီး ​​ဝင်တိုက်မိခြင်း​ကြောင့် ဆရာမသည် ​သွေးထွက်လွန်၍ ​​ပုသိမ်ဆေးရုံအ​​ရောက် ​​သေဆုံးသွားခဲ့​ကြောင်း သိရသည်။

“ ​YGN 22/ 6S 3360 ရန်ကုန်လိုင်စင်နဲ့ ​အိမ်စီးကားတစ်စီးက အရှိန်လွန်ပြီး ​မော်​​တော်ဆိုင်ကယ်​လေးစီးကို ဝင်တိုက်ခဲ့တယ်။ အဲဒီ​နောက်မှာ ပန်းဝါအပ်ချည်ဆိုင်ကို ထပ်ပြီးဝင်တိုက်မိသွားတယ်။ အပ်ချည်ဆိုင်ကိုတိုက်တဲ့အချိန်မှာ ​ကျောင်းဆရာမတစ်ဦးက ​စျေးဝယ်​နေချိန်ဆိုတော့ ဝင်တိုက်ခံရတာပါ။ ယာဥ်တိုက်မှု အရှိန်ပြင်းထန်ပါတယ်။ ဆရာမလဲ သွေးထွက်လွန်ပြီး ပုသိမ်ဆေးရုံအ​ရောက်မှာ ​သေဆုံးသွားပါတယ်” ​ဟု ပုသိမ်မြို့ လူမှုကူညီ​ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အိမ်စီးယာဥ်သည် အရှိန်လွန်ကာ ​အခြားမော်​တော်ဆိုင်ကယ်လေးစီးကို ဆင့်တိုက်မိပြီး​နောက် ပန်းဝါအပ်ချည်ဆိုင်ကို ထပ်ဆင့်ဝင်တိုက်ခဲ့​ရာ အပ်ချည်ဆိုင်အတွင်းမှလူများ ထိခိုက်မှုမရှိသော်လည်း ​စျေးဝယ်သူ ကျောင်းဆရာမတစ်ဦး ကို တိုက်မိခဲ့​​ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့်ယာဥ်​မောင်း ထွက်​ပြေးတိမ်း​ရှောင်သွား​သဖြင့် ယာဥ်ထိန်းတပ်ဖွဲ့က စုံစမ်းစစ်​ဆေးအ​ရေးယူသွားမည်ဖြစ်​ကြောင်း ပုသိမ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ –  ပုသိမ်မြို့နယ်လူမှုကူညီ​ရေးအသင်း

ယနေ့ခေတ်

ပုသိမ်တွင် ​ယာဥ်တိုက်မှု​ကြောင့် ​ကျောင်းဆရာမတစ်ဦး ​သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.