ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်

ရန်ကုန်၊ မတ် ၁၆

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမနေ့အစည်းအဝေးကို မတ်လ ၁၆ ရက်၊ နံနက် ၁၀ တွင် နေပြည်တော်၊ လွှတ်တော်အဆောက်အဦဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော်အ ဆောက်အဦ၌ စတင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကတို့ကို ရွေးချယ်တင်မြှောက်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီ တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌအဖြစ် ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌအဖြစ် မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားခြင်း၊ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပေဒအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည် သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခြင်းအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆောင်ရွက်ရမည်ဖြစ်သည်။

ယနေ့ခေတ်
ဓာတ်ပုံ – VOM

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.